Breaking News

မိုးရွာတော့ စိတ်ပူတယ်

မိုးမင်း​ကြီးရယ်​ ရွာချချင်
ကြိုက်​သ​လောက်​ရွာချလိုက်​ပါ
မိုးကြိုး​တွေ မလွတ်​ပါနဲ့
လျှပ်​စီး​တွေ မထုတ်​ပါနဲ့
ကျ​နော်​အသည်း​လေးက ငယ်​​သေးတယ်
ကျ​နော်​နလုံးသား​လေး နု​သေးတယ်
အသည်းထဲက သူ​လေးခ​မျာ
တုန်​ရီစွာနဲ့ ငို​နေရှာမှာ
နလုံးသားထဲက သူခ​မျာလည်း
ထိတ်​လန့်​တကြား ​ကြောက်​​နေရှာမှာ
သည်း​တော့သည်းပါ
လျှပ်​စီးမိုးကြိုး မထုတ်​ပါနဲ့
သူအပြုံးမပျက်​​အောင်
သူ့မျက်​ရည်​မကျ​အောင်

#ကိုသီဟ
28.5.2018

No comments