Breaking News

ကားနဲ့ဆီအပေါ်ကိုအားကိုးနေတာကိုရပ်တန့်ဖို့ ကိုယ်လုံးတီးစက်ဘီးစီးတဲ့အဖွဲ့

 
ရာနဲ့ချီတဲ့လူတွေဟာ ကိုယ်လုံးတီးနဲ့ စက်ဘီးစီးပြီး မနေ့က လန်ဒန်မြို့ကိုပတ်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ကား
တွေ၊ လောင်စာဆီတွေအပေါ်အားကိုးတဲ့ ယဉ်ကျေးမှုကို တိုက်ဖျက်ဖို့ပဲဖြစ်ပါတယ်။ World Naked Bike Rideလို့
အမည်ရတဲ့အဖွဲ့ဟာ လန်ဒန်မြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ Piccadilly Circus နဲ့ Big Benတို့ကိုဖြတ်ပြီး ကိုယ်လုံး
တီးနဲ့စက်ဘီး ပတ်နင်းခဲ့ပါတယ်။
 London, UK. 11th June, 2016. World Naked Bike Ride, London ¿ Dorset Media Service/Alamy Live News
 အချို့စက်ဘီနင်းသူတွေဟာ ခန္ဓာကိုယ်မှာ ဆေးတွေလည်းသုတ်ထားပါတယ်။ ဒီလိုမျိုး ၂၀၀၄ခုနှစ်ထဲက နှစ်စဉ်လှုပ်ရှားခဲ့
တာဖြစ်ပါတယ်။ ကားတွေ အသုံးများပြီး လောင်စာဆီတွေကြောင့် ကမ္ဘာကြီးပူနွေးလာတာကို ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားတာလည်းဖြစ်ပါတယ်။
 London naked bike ride
 ဒီလှုပ်ရှားမှုရဲ့တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်မှာ “စက်ဘီးတွေစမထွက်မီတော့ ကိုယ်လုံးတီးမချွတ်ပါနဲ့။ ရဲတွေနဲ့ ပြဿနာတက်
မှာစိုးလို့ပါ။”လို့ကြိုတင်သတိပေးခဲ့ပါတယ်။ စက်ဘီးစီးသူတစ်ယောက်ကတော့ ကျောကုန်းပေါ်မှာ “ခံန္ဓာကိုယ်က အဆီ
တွေကိုရှို့ပါ။ လောင်စာဆီတွေကိုမရှို့ပါနဲ့”လို့ရေးသားခဲ့ပါတယ်။
 London Naked Bike Ride


 လောင်စာဆီနဲ့ ပက်သက်ပြီး ကမ္ဘာတစ်လွှားမှာလည်း ဒီလိုမျိုးတက်ကြွလှုပ်ရှားမှုတွေ ရှိလာခဲ့တာက ကောင်းတယ်လို့ယူဆပါတယ်။ ကမ္ဘာကြီးပူနွေးလာတာကိုလျှော့ဖို့ဆိုတာ အားလုံးတက်ညီလက်ညီ လှုပ်ရှားမှရမှာဖြစ်ပါတယ်။
 6

No comments