Breaking News

မကြာမီများပြားလာမည့်Sex Robotတွေအပေါ်စိုးရိမ်မှုတွေများပြားလာ

 
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အနာဂတ်မှာ လူငယ်တွေဟာ အသက်မပြည့်ပဲ စက်ရုပ်တွေနဲ့ လိင်ဆက်ဆံဖွယ်ရှိတယ်လို့
သိရပါတယ်။ Professor Noel Sharkey က ဆယ်ကျော်သက်တွေဟာ Android စက်ရုပ်တွေဝယ်လာနိုင်ပြီး အရွယ် မရောက်မီ လိင်ဆက်ဆံမှုတွေပြုလုပ်လာနိုင်ပါတယ်။
လူသားဆန်မှုတွေလည်း ရှားပါးလာနိုင်ပါတယ်။ Relationshipတွေလည်း သိပ်ရှိတော့မှမဟုတ်ကြောင်း ကျွမ်းကျင်သူ
တွေက ခန့်မှန်းနေပါတယ်။ အဆိုပါ ပရော်ဖက်ဆာက  “Sex Robots တွေက အခုတောင် ဝယ်လို့ရနေပြီလေ။ နောင်
၁၀နှစ်အတွင်းမှာ လူတော်တော်များများ တ၇ားဝင်ဝယ်လို့ရမှာလေ။ အသက်ကန့်သတ်ချက်တော့ရှိမှာပေါ့။ ဒါပေမယ့် စဉ်းစားကြည့်လေ အဖေနဲ့အမေမှာရှိရင် သားသမီးကလည်း ခိုးပြီးသုံးချင်သုံးနိုင်တဲ့ အန္တာရယ်ကရှိတယ်လေ”
 Blow-up dolls, close-up
“စက်ရုပ်နဲ့လိင်ဆက်ဆံတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် အကယ်၍ ပထဆုံးအကြိမ်ဆိုဘယ်လိုလုပ်မလဲ၊ ပထမဆုံး Relationshipဆိုဘယ်လိုလုပ်မလဲ။ လူတွေက ဆန့်ကျင်ဘက်လိင်ကို မြင်တဲ့အမြင်ပြောင်းသွားနိုင်ပါတယ်။ နောက်
ပိုင်းမှာ သာမန်လူတွေအချင်းချင်း  Relationshipဆိုတာ ရှိလာမှာမဟုတ်တော့ပါဘူး။
တကယ်ကို လူနဲ့ချွတ်စွတ်နီးပါးတူတဲ့ Sex Robotတွေဟာ အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာ ရှိနေပါပြီ။ ရောင်းလဲ ရောင်းချနေပါပြီ။ အမေရိကန်မှာ Roxxy နဲ့ Rocky လို့အမည်ရတဲ့ စက်၇ုပ်တွေကို 6.900 ဒေါ်လာနဲ့ရောင်းချနေပါပြီ။ Real Dollဆိုတဲ့ companyက Realbotixဆိုတဲ့ artificial intelligenceကိုတီထွင်နေပါတယ်။ နောက်နှစ်လောက်
မှာ စတင်ရောင်းချဖို့လည်း ရှီနေပါတယ်။ လူတွေလိုတွေးခေါ်နိုင်တဲ့ စက်ရုပ်တွေကိုရရှိဖို့တော့ နောက်ထပ်နှစ်အနည်းငယ်
စောင့်ရဖို့ရှိပါတယ်။

No comments