Breaking News

အွန်လိုင်းမှာ သတင်းတွေ ပွက်လောရိုက်စေခဲ့တဲ့ အမျိုးသားလိင်အဂါင်္နဲ့ Baymax အရုပ်


ဒီ Baymax လေထိုးစက်ရုပ်ကလေးဟာ လေမမှုတ်ခင်မှာတော့ တခြား အပြစ်ကင်းစင်တဲ့ အရုပ်ကလေးတစ်ရုပ်လိုပါပဲ။

ဒါပေမယ့် သင်သာ လေအပြည့်ထည့်သွင်းပေးလိုက်မယ်ဆိုရင်… ဒီ Baymax အရုပ်ဟာ သင့်ကို အကြီးအကျယ် အံသြသွားစေမှာပါ..

အင်တာနက်အသုံးပြုသူတွေဟာ ဒီလို လေမှုတ်သွင်းပြီးမှ မြင်နိုင်မယ့် အမျိုးသားအင်္ဂါနေရာကို ဒီဇိုင်းထွင်ထုတ်လုပ်ထားတဲ့ ဒီစက်ရုပ်ပုံကိုတွေ့မြင်ပြီးတဲ့အခါ အားရပါးရရယ်မောကြရပါသတဲ့။

ပြီးတော့ ဒီလိုရယ်စရာကောင်းတဲ့ လေမှုတ်စက်ရုပ်လေးကို ထုတ်လုပ်သူတွေက တမင်ဒီဇိုင်းထုတ်ခဲ့တာလား ဒါမှမဟုတ် မတော်တဆမှားယွင်းထုတ်လုပ်မိတာလားဆိုတာကိုလည်း အင်တာနက်ပေါ်မှာ ငြင်းခုံနေကြပါသေးတယ်။

ဓါတ်ပုံ Share ထားတဲ့ Imgur Website မှာ အင်တာနက်အသုံးပြုသူတစ်ဦးက “ ဒါဟာ ကိုယ့်အလုပ်သမားတွေကို လစာအလုံအလောက် မပေးတဲ့အခါ ဖြစ်တာမျိုးပေါ့” လို့ မှတ်ချက်ပေးထားခဲ့ပါတယ်..

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

No comments