
ဆက်သွယ်ရေးကွန်ယက်မှာ နံပတ်(၁)နေရာကို ယူထားနိုင်တဲ့ ဖုန်းတွေကို
မြန်မာလူမျိုးတွေအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ လူတိုင်းလည်း
ကင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီဖုန်းတွေ မပေါ်ခင်က လူတွေဟာ စာတိုက်နဲ့၊
ကြေးနန်းတွေ၊ ပို့ဆောင်ရေး ယာဉ်တွေကို သုံးခဲ့ရပြီး သတင်းအချက်အလတ်
ဖြန့်ဝေမှုအပိုင်းမှာလည်း အချိန် အလွန်ကြာပါတယ်။ အခုတော့
ကျွန်တော်တို့မှာရှိတဲ့ သတင်းအချက်အလတ်တွေကို မိမိနဲ့သက်ဆိုင်သူတွေသာမက
တစ်ကမ္ဘာလုံးကို သိစေနိုင်ဖို့ ဒီဖုန်းကို အသုံးပြူလိုက်ရုံနဲ့
မိနစ်ပိုင်းအတွင်း သတင်းအချက်အလတ်တွေ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါဟာ
အလွန်ကြီးမားတဲ့ အားသာချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းတွေမှာ
အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိနေပါတယ်။ အထူးသဖြင့်
ရေဒီယိုလှိုင်းစနစ်ကိုကို အခြေခံထုတ်လုပ်ထားတာဖြစ်လို့ ကျန်းမာရေးကို
ဆိုးဝါးစေတဲ့အပိုင်းတွေ အများကြီး ရှိပြီဖြစ်ကြောင်း သုတေသနပညာရှင်တွေက
ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါကြောင့် onlineywa ပရိသတ်ကြီးအတွက် ဖုန်းကနေ ပေးတဲ့
ကျန်းမာရေးပြဿနာအချို့ကို ဗဟုသုတအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) စိတ်ဖိအားနှင့် လိင်ပိုင်းဆိုင်ရာ မျိုးဆက်ချို့ယွင်းမှုရောဂါ

ဖုန်းဟာ စိတ်ဖိအားအမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့်
မနှစ်မြို့ဖွယ်သတင်းတွေ၊ မကြည့်ချင်တဲ့ ဗွီဒီယိုဖိုင်တွေ၊ မမြင်ချင်တဲ့
စာတိုတွေကြောင့်ပေါ့။ ဒါ့အပြင် ဖုန်းကနေ ထုတ်လုပ်တဲ့ ရေဒီယိုလှိုင်းတွေဟာ
မျိုးဆက်ချို့ယွင်းမှုကို ဖြစ်စေတယ်လို့ သုတေသီတို့က အခိုင်အမာဆိုပါတယ်။
အထူးသဖြင့် အမျိုးသားတွေကို ထိခိုက်နိုင်ချေ ပိုများပြီး အမျိုးသမီးတွေ
မှာ သက်ရောက်မှု ရှိမရှိကိုတော့ သုတေသနစာတမ်းတွေ လုပ်နေဆဲဖြစ်လို့ တိကျတဲ့
အဖြေတော့ မရသေးပါဘူး။ ဒါကြောင့် ဖုန်းဟာ အနည်းဆုံးတော့ မျိုးသုဉ်းမှုကို
ဖြစ်စေနိုင်တယ်ဆိုတာ သေချာပါတယ်။
(၂) ကင်ဆာရောဂါအန္တရာယ်

ဖုန်းကနေ ထုတ်လုပ်ပေးတဲ့ radiofrequency electromagnetic fields တွေဟာ
ကင်ဆာကို ဖြစ်စေတယ်လို့ သိရပါတယ်။ ကင်ဆာရောဂါကို ဖြစ်စေတယ်ဆိုတာထက်
ကင်ဆာရောဂါတွေ လက်ခံဖို့ အလားအလာပိုကောင်းတယ်ဆိုတာက ပိုမှန်ပါတယ်။ 2010
ခုနှစ် မတ်လမှာ ကောက်ခဲ့တဲ့ စစ်တမ်းအရ ဖုန်းအသုံးပြုသူများစွာအနက် 2.9
သိန်းခန့်ဟာ ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်မားနေတာကို တွေ့ရတယ်လို့
သိရပါတယ်။ ဒါ့အပြင် ဖုန်းဟာ ဦးနှောက်နဲ့အာရုံကြောမကြီးကို
အနှောက်အယှက်ပေးပြီး ဦးနှောက်အကြိတ်ကင်ဆာကို ဖြစ်နိုင်ချေ ပိုများစေပါတယ်။
(၃) အမြင်အာရုံနဲ့ နေမကောင်းဖျားနာခြင်း
ဖုန်းကို ဆက်တိုက်အသုံးပြုသူတွေဟာ ဖုန်းကနေထုတ်လွှတ်တဲ့
အဆင်မြင့်အလင်းရောင်ကြောင့် မျက်စိကွယ်နိုင်ပါတယ်။ ဒါ့အပြင် နာတာရှည်
ညောင်းညာကိုက်ခဲမှုဖြစ်ပြီး ပြင်ပရောဂါတွေအတွက် လမ်းဖွင့်ပေးလိုက်သလို
ဖြစ်သွားစေပါတယ်။ စစ်တမ်းအရ ဖုန်းဆက်တိုက်အသုံးပြုသူနဲ့ ဖုန်းကို သာမာန်သာ
အသုံးပြုသူနှစ်ယောက်ရဲ့ ကွာခြားချက်အဖြစ် ဖုန်းဆက်တိုက် အသုံးပြုသူတွေဟာ
အမြင်အာရုံကွယ်ဖို့ 11 % အထိ ရှိပြီး၊ အခြား အာဂန္တုနဲ့ ပြင်းထန်နာတာရှည်
ရောဂါတွေဖြစ်ဖို့ 29 % အထိ ရှိတယ်လို့ အတည်မပြုရသေးတဲ့ စစ်တမ်းတစ်ခုက
ဆိုထားပါတယ်။
No comments