
မြန်မာအမျိုးသမီးအများစု မှားယွင်းစွာ လက်ခံအသုံးပြုနေကြဆဲဖြစ်တဲ့
မျက်နှာအသားရေ ထိန်းသိမ်းခြင်း နည်းမှားတွေကို onlineywa ကနေ
ဖော်ပြပေးလိုက်ပါတယ်။ ဆင်ခြင်သိရှိနိုင်ကြပါစေ။
(၁) မျက်နှာသုတ်ပုဝါအကြမ်းကို အသုံးပြုခြင်း

မျက်နှာသုတ်ပုဝါအကြမ်းကို အသုံးပြုမှ ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်တွေ
ပျောက်တာလို့ လမ်းညွှန်တဲ့သူတွေ ရှိပါတယ်။ နည်းအမှားကြီး ဖြစ်ပါတယ်။
မျက်နှာကို ဖြစ်နိုင်ရင် ဘာနဲ့မှ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး
မလုပ်ရပါဘူး။ မျက်နှာအသားအရေဟာ အလွန်နူးညံ့လွန်းလို့ ထိခိုက်ပွန်းပဲ့
လွယ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးချိန်မှာ မွေးပွ ပုဝါနုနုလေးနဲ့
ရေစင်စေဖို့ ဖွဖွလေး ဖိပေးတာက အမှန်ဆုံး ဖြစ်ပါတယ်။
(၂) Anti-aging products များကို သုံးခြင်း
Anti-aging products တွေကို သုံးတဲ့အထိတော့ သိပ်ပြီး ကိစ္စမရှိသေးပါဘူး။
ဒါပေမယ့် Anti-aging products တွေမှာ antioxidant တွေ များစွာပါဝင်တဲ့အတွက်
အလင်းရောင်နဲ့ လေထုနဲ့ ထိတွေ့ပါများလာတဲ့အခါ ၎င်း antioxidant တွေဟာ
ပျက်စီးသွားပါတယ်။ အသုံးမ၀င်တော့ပါဘူး။ ဒီတော့ ဒီ Product တွေကို
သုံးတဲ့အခါ လေနဲ့ အလင်းရောင် လုံအောင် ပိတ်ဖို့ အရေးကြီးပါတယ်။
ဒီလိုမှမဟုတ်ရင် အသုံးမ၀င်တာတွေ လိမ်းနေရတာနဲ့ အတူတူမို့ အရေပြားကို
ပိုမိုဆိုးဝါးစေပါတယ်။
(၃) အလှကုန်ပစ္စည်းအမယ်များလွန်းခြင်း

အလှကုန်ပစ္စည်းကို တစ်ခုတည်း မယ်မယ်ရရ မသုံးဘဲ ဟိုလူက တံဆိပ်တစ်ခု
ညွှန်းလိုက်၊ ၀ယ်သုံးလိုက်၊ နောက်လူက တံဆိပ်တစ်ခု ညွှန်းလိုက်
ဝယ်သုံးလိုက်နဲ့ မိမိရဲ့ အရေပြားကို ရောဂါတွေ ပိုမိုတိုးပွားစေပါတယ်။
ဒါကြောင့် မိမိအသားအရေနဲ့လိုက်ဖက်မယ့် Brand တစ်ခုတည်းလောက်ကိုသာ
စွဲမြဲသုံးစွဲသင့်ပါတယ်။
(၄) မိတ်ကပ်လိမ်းရက်သား အိပ်ယာဝင်ခြင်း
မိတ်ကပ်လိမ်းပြီး အိပ်တော့ ပေါင်းတင်ပြီးသားတောင် ဖြစ်သေး-ဆိုပြီး
ပြောကြတဲ့သူတွေ ရှိနေပါသေးတယ်။ အလွန်မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။
မိတ်ကပ်ရှိနေခြင်းကြောင့် ညပိုင်းမှာ မွေးညှင်းပေါက်လေးတွေကနေ ထွက်တဲ့
ချွေးတွေကို လမ်းကြောင်းပိတ်စို့စေခြင်းကနေ ၀က်ခြံ၊ တင်းတိတ်၊
မှဲ့ခြောက်တွေကို ဖြစ်စေပါတယ်။ ပေါင်းတင်တဲ့ အချိန်မှာတောင် သူ့အချိန်နဲ့သူ
ကန့်သတ်ချက်ရှိပါတယ်။ မဟုတ်ရင် အရေပြား ပူလောင်ပျက်ဆီးခြင်း စတာတွေကို
ဖြစ်စေပါတယ်။
(၅) ၀က်ခြံကိုလက်ဖြင့် ညှစ်ခြင်း
ဝက်ခြံကို လက်နဲ့ညှစ်ခြင်းဟာလည်း မျက်နှာအလှကို အလွန်ပျက်ဆီးစေပါတယ်။
လက်နဲ့မညှစ်လို့ ဘာနဲ့ ညှစ်ရမှာလဲ မေးခဲ့ရင် ၀က်ခြံကို မညှစ်ပါနဲ့လို့ပဲ
အကြံပေးချင်ပါတယ်။ လက်နဲ့ညှစ်ရင် လက်မှာပါတဲ့ ရောဂါပိုးတွေကတစ်ဆင့်
ရောဂါကူး
မယ်၊ ဒါ့အပြင် အသားရေ ပျက်ဆီးမယ်၊ ၀က်ခြံထွက်လာရင် အလုပ်သင့်ဆုံးကတော့
အစားအသောက်ဆင်ခြင်ပါ၊ မဖြစ်မနေ ညှစ်ရမယ့်အခြေအနေဆိုရင်လည်း
ဝက်ခြံညှစ်ကိရိယာ၊ သို့မဟုတ် သန့်ပြန်သော လက်ဖြင့် ညင်သာစွာ ညှစ်ပြီး
မျက်နှာကို သန့်ရှင်းအောင် ရေနဲ့ဆေးလိုက်ပါ။
No comments