ဘတ်စ်ကားကုမ္ပဏီက “ နေ့တိုင်းကျွန်မကို စီးပါ” ဆိုတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ မော်ဒယ်ပုံနဲ့ကြော်ငြာအတွက် တောင်းပန်ခဲ့ပါသတဲ့
Welsh ဘတ်စ်ကားကုမ္ပဏီဟာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ မော်ဒယ်ဟာ “နေ့တိုင်းကျွန်မကို £3 နဲ့စီးပါ” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ကြော်ငြာပုံအတွက် လူမှုကွန်ယက်ရှုံ့ချမှုတွေကို ခံနေရပါတယ်။
New Adventure Travel မှ Cardiff ရဲ့အဆိုအရ ဒီလိုမော်ဒယ်ပုံနဲ့ ကြော်ငြာတာဟာ လူငယ်မျိုးဆက်သစ်တွေကို ဘတ်စ်ကားစီးဖို့စွဲဆောင်ရာမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါသတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် “နေ့တိုင်းကျွန်မကို £3 နဲ့စီးပါ” ဆိုတဲ့ ကြောငြာဟာ လူမှုကွန်ယက်အတွက် ဆွဲဆောင်မှုအရှိဆုံး ကြော်ငြာတစ်ခုဖြစ်နေပါတယ်။
“ ဒီ ဆောင်ပုဒ်က အမျိုးသားတွေရော အမျိုးသမီးတွေကိုပါ ထိခိုက်အောင် ရည်ရွယ်ပြီး ရေးထားတာမဟုတ်ပါဘူး။ ဒါပေမယ့် အဲလိုဖြစ်သွားတယ် ဆိုရင် ကျွန်တော်တို့က အနူးအညွတ်တောင်းပန်ပါတယ်။
ခုလို ရှုံ့ချထောက်ပြချက်တွေကြောင့် ကျွန်တော်တို့အနေနဲ့ ဒီပုံတွေကို ၂၄နာရီအတွင်း ပြန်ဖျက်ပစ်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။
Ref : upi
No comments