Breaking News

(၁၆၆)ပေအကွာကို ထရပ်ကားနဲ့ ခုန်ကျော်ပြသူ

ကနေဒါနိုင်ငံ၊ မွန်တာနာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပွဲတော်တစ်ခုမှာ မိုက်ရူးရဲဆန်တဲ့ ပြကွက်တစ်ခုကို ပြသသွားခဲ့ပါတယ်။ အဲဒါကတော့ ထရပ်ကားတစ်စီးနဲ့ ပေပေါင်း (၁၆၆) ပေကို ကျော်ပြ သွားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂရက်ဖ်ဂေါ့ဖရီ အမည်ရ ထရပ်ကား မောင်းသူဟာ စွန့်စားလွန်းရာရောက်တဲ့ ပြကွက်ကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ (၁၆၆) ပေကို ထရပ်ကားနဲ့ ကျော်ပြခဲ့တာကြောင့် ယခင်စံချိန်ထက် (၆၂) ပေ ပိုများခဲ့တယ်လို့ သိရပါတယ်။ ထရပ်ကားဟာ ကုန်တင်ထားခြင်း မရှိတဲ့ ထရပ်ကားဖြစ်ပြီး စုစုပေါင်း အလေးချိန် ကိုးတန် ရှိပါတယ်။
      ဆင်ခြေလျှော နှစ်ခုကြားကနေ ဖြတ်မောင်းရင်း စတန့်ပြကွက်ကို ပြသခဲ့တာပါ။ အရှိန်နဲ့ မောင်းလာတဲ့ ထရပ်ကားဟာ ဆင်ခြေလျှောတစ်ခုကို ဖြတ်သန်းရင်း နောက်ဆင်ခြေလျှောတစ်ခုမှာ အရှိန်နဲ့ ဆင်းသက်သွားတဲ့ ပြကွက်မျိုး ဖြစ်ပါတယ်။ ပရိသတ် ( ၂၀၀၀) ကျော်ဟာ ဒီပြကွက်ကို စိတ်ဝင်တစား လာရောက် အားပေးခဲ့ပါတယ်။ ဂရက်ဖ်ဂေါ့ဖရီက သူ့အနေနဲ့ ပေ (၁၄၀) လောက် အထိသာ ကျော်ပြနိုင်မယ်လို့ ထင်မှတ်ထားပေမယ့် မျှော်လင့်ထားတာထက် ပိုလုပ်နိုင်တာကြောင့် ကျေနပ်မိကြောင်း ဟြေကြားသွားပါတယ်။ တစ်နာရီကို မိုင်(၇၀) နှုန်းမောင်နှင်ပြီး စတန့် ပြကွက်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂရက်ဖ်ဂေါ့ဖရီက မိမိအနေဖြင့် အခက်ခဲဆုံးအရာကို လုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်နိုင်မည်ပာု မထင်ထားကြောင်း ဟြေကြားခဲ့ပါတယ်။

 http://www.messengernewsjournal.com/General/Eventure/detail.php?id=41416

No comments