Breaking News

သက်ရှိတွေနေထိုင်နေဖွယ်ရှိတဲ့ ဂြိုလ်တစ်ခုကို NASA တွေ့ရှိထား

The Kepler လို့ ခေါ်တဲ့ အာကာသ ယာဉ်တစ်ခုကို ၂၀၀၉ ခုနှစ်မှာ စတင် လွှတ်တင်ခဲ့ပြီး အာကာသထဲမှာ သက်ရှိတွေ ရှိနေသေးလားဆိုတာကို ရှာဖွေလေ့လာခဲ့ကြပါတယ်။

ပလူတိုဂြိုလ်ရဲ့ ပထမဆုံး ဓါတ်ပုံ တွေရိုက်ကူးဖို့မဟုတ်ပဲ ၊ မားစ်ဂြိုလ်ပေါ်မှာ ပိရမစ် တွေရှာဖွေကြည့်ဖို့မဟုတ်ပဲ ၊ NASA ဟာ သက်ရှိတွေနေထိုင်နေတဲ့ ဂြိုလ်တစ်ခုကို ကျယ်ပြန့်လှ တဲ့ အာကာသ ထဲမှာ ရှာဖွေဖို့အတွက် ဒီ စစ်ဆင်ရေးကို စတငင်ခဲ့တာပါ။


အခုချိန်မှာတော့ အာကာသ လေ့လာရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ NASA ဟာ The Kepler အာကာသ လေ့လာရေး ခရီးစဉ် ရဲ့ သက်ရှိရှာဖွေရေး စစ်ဆင်ရေးကနေ တွေ့ရှိလာတဲ့ ရလဒ်တွေကို သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ထို ကြေညာမှုကိုတော့ ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မှာ ဖြစ်ပြီး အာကာသထဲမှာ သက်ရှိတွေနေထိုင်နေတဲ့ ဒုတိယ မြောက် ကမ္ဘာကို ရှာဖွေတွေ့ရှိမှုကို ပါကြေညာသွားဖွယ်ရှိနေပါတယ်။

ထို The Kepler အာကာသ ယာဉ်ကို စတင် လွှတ်တင်လိုက်ကတည်းက အာကာသယာဉ်ဟာ ဂြိုလ်ပေါင်း ၁၀၂၈ ခုကို လေ့လာခဲ့ပြီး အဲဒီထဲကမှ ၂၂ ခုက သက်ရှိတွေနဲ့ သင့်တော် နေတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ NASA ဟာ ထို သက်ရှိတွေ နေထိုင်နေတဲ့ ဂြိုလ်ကို ရေ တွေတည်ရှိနိုင်မယ့်မျက်နှာပြင်အပူချိန်မျိုး ရှိတဲ့ ၊ ကြယ်တစ်ခု နဲ့ လုံလောက်တဲ့ အကွာအဝေးရှိတဲ့ ဂြိုလ်မျိုးကို သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

သစ်ထူးလွင်(နည်းပညာ)
technology.thithtoolwin.com

No comments