ဝက်ခြံ (Acne) အကြောင်း သိကောင်းစရာ

၁။ ၀က်ခြံပာာ Androgen လို့ခေါ်တဲ့ကျားပောာ်မုန်းကြောင့်ဖြစ်တယ်ဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် ၀က်ခြံပေါက်တဲ့သူအများစုမှာ Androgen ပာာအရမ်းကာရောကြီးများနေတာမပာုတ်ပါဘူး ၀က်ခြံမပေါက်တဲ့သူတွေနဲ့ သိပ်မကွာတဲ့ပမာဏပါပဲ။ ဒါပေမယ့် ၀က်ခြံပေါက်တဲ့သူတွေရဲ့ အဆီထုတ်တဲ့အိတ် (Sebaceous gland) တွေက Androgen ကိုတုန့်ပြန်တဲ့နေရာမှာ သူများတွေနဲ့မတူ ပိုပြီးတုန့်ပြန်တာကြောင့် အဆီပိုထုတ်ပြီး ၀က်ခြံဖြစ်လာရတာပါ။ အဲဒါကြောင့်ဝက်ခြံကိုကုတဲ့အခါမှာ anti-androgen ဆေးတွေကိုသိပ်မသုံးတာဖြစ်ပါတယ်။ ၀က်ခြံမပျောက်ဘဲ ရင်သားတွေထွက်လာမှာ၊ အသံတွေပြောင်းသွားမှာ စိုးလို့ဖြစ်ပါတယ်။
၂။ အရင်တုန်းက ၀က်ခြံဖြစ်တဲ့သူတွေကို ကုသတဲ့နေရာမှာ မျက်နှာမှာအညစ်အကြေးတွေမရှိအောင်လို့ဆိုပြီး တစ်နေ့၎ခါလောက်အနည်းဆုံး မျက်နှာသစ်ခိုင်းလေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ တစ်နေ့ကို၂ခါလောက်သစ်တာပဲကောင်းပါတယ်တဲ့။ ၀က်ခြံပာာ အဆီဂလင်းက အဆီထုတ်တာများလို့၊ ပိတ်လို့ဖြစ်ရတာဖြစ်တဲ့အတွက် မျက်နှာများများသစ်လည်းဘာမှမထူးခြားပါဘူး။ အဲဒီအစား ပွတ်တိုက်ပါများတဲ့အတွက် အဆီဂလင်းတွေကိုပိုလှုံဆော်သလိုဖြစ်ပြီး ၀က်ခြံပိုထွက်နိုင်ပါတယ်။ ဒါ့အပြင် ကုတ်ဖဲ့မိနိုင်တဲ့အတွက် ပိုပြီးလည်း ၀က်ခြံပြင်းထန်နိုင်ပါတယ်။
၃။ အရင်တုန်းက ၀က်ခြံကိုစိတ်ဖိစီးမှုနဲ့ရော အစားအသောက်နဲ့ပါမသက်ဆိုင်ဘူးလို့ယူဆကြပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းတော့ ၀က်ခြံပာာစိတ်ဖိစီးရင် ပိုဆိုးတတ်တယ်လို့ဆိုပါတယ်။ အစားအသောက်မှာတော့ အများထင်တဲ့ ချောကလက်စားတာ၊ အငန်များများစားတာပာာ ၀က်ခြံပေါက်တယ်ဆိုတာ မမှန်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သကြားများတဲ့အစားအသောက်တွေနဲ့ နို့များများသောက်ခြင်းတို့ကတော့ ၀က်ခြံကိုပိုဆိုးစေတယ်လို့ဆိုပါတယ်။
၎။ တကိုယ်ရေအာသာဖြေခြင်းပာာ ၀က်ခြံပိုထွက်တယ်၊ ဒါမှမပာုတ် ၀က်ခြံကိုပိုဆိုးစေတယ်လို့ တချို့တွေယုံကြည်ကြပါတယ်။ တကိုယ်ရေအာသာဖြေမှုကိုစလုပ်တတ်တဲ့အရွယ်မှာပဲ ၀က်ခြံပေါက်လေ့ရှိတဲ့အတွက် အများစုကဒီနှစ်ခုဆက်စပ်တယ်လို့ယုံကြည်ကြပါတယ်။ အမှန်တော့လုံးဝမသက်ဆိုင်ပါဘူး။ ဘယ်ဆေးပညာစာအုပ်စာတမ်းမှာမှ တကိုယ်ရေအာသာဖြေခြင်းနဲ့ ၀က်ခြံပေါက်ခြင်းပာာ ဆက်စပ်တယ်လို့မဆိုထားပါဘူး။ တကိုယ်ရေအာသာဖြေတာပာာ ဆေးပညာအရဆိုရင် ကျန်းမာသန်စွမ်းတဲ့သူတိုင်းလုပ်သင့်တယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်သလို အခြားလိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေရဲ့ အန္တရာယ်လည်း ကင်းဝေးနိုင်ပါတယ်။
ဝက်ခြံဆိုတဲ့အရာပာာ လူမျိုးမရွေး၊ အသက်အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးနဲ့ကလေးတွေမှာလည်း ၀က်ခြံပာာ ဖြစ်ပေါ်တတ်ပါတယ်။ ယောက်ျားလေးတွေမှာ ပိုပြီးဖြစ်တတ်ပြီး ပိုပြီးလည်းဆိုးတတ်ပါတယ်။ အနောက်နိုင်ငံသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ အလုပ်အကိုင်တွေအနေနဲ့လည်း ဆီကိုင်ရတဲ့အလုပ်တွေ လုပ်ရတဲ့သူတွေမှာ ပိုပြီးဖြစ်ပါတယ်။ ဆေးတွေအနေနဲ့ Lithium, hydantoin, topical and systemic glucocorticoids, oral contraceptives, androgens ဆေးတွေပာာ ၀က်ခြံပာာ ပိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ၀က်ခြံပာာ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ ပြင်းထန်တဲ့ ၀က်ခြံတွေဖြစ်တတ်ရင် သားသမီးတွေမှာလည်းဖြစ်တတ်ပါတယ်။
ဝက်ခြံအဓိကဖြစ်စေတဲ့အကြောင်းအချက် ၄ခုရှိပါတယ်။
၁။ အဆီထွက်များခြင်း
၂။ အဆီထွက် ဂလင်း၏ လမ်းကြောင်းများ ပိတ်ဆို့ခြင်း
၃။ ရောဂါပိုးများ ၀င်ရောက်ခြင်း
၎။ ရောင်ရမ်းစေတဲ့ ဓါတ်များထုတ်လွှတ်ခြင်း
အဲဒီအချက်အလက်တွေပာာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးဖြစ်ပါတယ်။
ပထမ လူပျို၊ အပျိုဖော်ဝင်စမှာ ပောာ်မုန်းအပြောင်းအလဲကြောင့် အဆီဂလင်းတွေကနေပြီး အဆီတွေပိုထွက်လာပါတယ်။ အဲလိုအဆီတွေပိုထွက်တဲ့ အတွက်ကြောင့် အဆီထွက်ဂလင်းတွေရဲ့လမ်းကြောင်းတွေမှာ အဆီတွေစုပုံပြီး အဆီတွေနဲ့ပိတ်သွားပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီနေရာပာာ ဖောင်းလာပါတယ်။ အဲဒီနောက်အဲဒီလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးတွေ ၀င်ရောက်လာပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ဖို့အတွက် ခန္ဒာကိုယ်ကနေပြီး ရောင်ရမ်းစေတဲ့ဓါတ်တွေ ထုတ်လွှတ်လိုက်ပါတယ်။ အဲဒီအကြောင်းတွေကြောင့် ၀က်ခြံဖောင်းနေရာကနေ ပြည်တည်လာပါတယ်။ ရောင်ရမ်းလာပါတယ်။
အဲဒီအချက်လေးချက်ကနေပြီးတော့ ၀က်ခြံပာာ ဖြစ်ပေါ်လာပါတယ်။ တခြားအချက်အနေနဲ့ ၀က်ခြံပာာ စိတ်လှုပ်ရှားရင်၊ စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။
အထင်မှားနေတဲ့အချက်တစ်ချက်ကတော့ ၀က်ခြံပာာ အစားအသောက်တွေ အထူးသဖြင့် အဆီများတဲ့အစာတွေ၊ ချောကလက်တွေကြောင့်ဖြစ်တတ်တယ်လို့ ထင်နေတာဖြစ်ပါတယ်။ အဲဒီအယူအဆပာာ လုံးဝမှားပါတယ်။ ၀က်ခြံပာာ အစားအသောက်တွေနဲ့လုံးဝ မဆိုင်ပါဘူး။ အစားအသောက်ကြောင့် ၀က်ခြံမဖြစ်ပါဘူး။
အောက်ပါဝက်ခြံပေါက်ခြင်းတွေကို ထူးခြားတဲ့ကိစ္စတွေအနေနဲ့သက်မှတ်ပါတယ်။ အဲဒါတွေကတော့
အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ၀က်ခြံပေါက်ခြင်း။ ။ အရွယ်ရောက်ပြီး အမျိုးသမီးဆိုတာ အသက် ၃၀ကျော်အမျိုးသမီးတွေကို ဆိုလိုပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီအသက်အရွယ်မှာ အမျိုးသမီးတွေမှာ ၀က်ခြံပေါက်တာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲဒီအသက်အရွယ်မှာ ၀က်ခြံလည်းပေါက်မယ်၊ အမွှေးတွေလည်းထူလာမယ်။ ရာသီလည်းမမှန်ဖြစ်နေမယ်ဆိုရင်တော့ Adrenal gland ကပိုပြီး အလုပ်လုပ်နေတာ ဒါမှမပာုတ် Ovary (သားဥပြွန်) ကနေ Androgen ထွက်နေတာတွေကို စစ်ဆေးသင့်ပါတယ်။
Acne Conglobata။ ။မျက်နှာမှာမပာုတ်ဘဲ ခန္ဒာကိုယ်ပေါ်မှာ အသီးသီးများဖြစ်နေအောင် ၀က်ခြံဖြစ်ခြင်း
Acne fulminans။ ။မိန်းကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ရုတ်တရက်ဖြစ်ပါတယ်။ ပြည်တည်ပြီး အမြဲလို အနာဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မစားချင်မသောက်ချင်ဖြစ်ခြင်း၊ နုံးချိနေခြင်း၊ အဖျားတက်ခြင်း၊ အရိုးအဆစ်များကိုက်ခဲနေခြင်း၊ Leukocytosis and elevated ESR တို့ပါဖြစ်တတ်ပါတယ်။
ကုသမှုအနေနဲ့ အဓိကရည်ရွယ်ချက်ကတော့ ပိတ်နေတာတွေကို ရှင်းပစ်ဖို့နဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပစ်ဖို့တို့ဖြစ်ပါတယ်။
သိပ်မဆိုးဘူး(မရောင်နေဘူး)ဆိုရင် လိမ်းဆေးနဲ့တင်လုံလောက်ပါတယ်။
နဲနဲဆိုးရင်(ရောင်ပါတယ်၊ ပြည်နည်းနည်းတည်ပါတယ်) လိမ်းဆေးကို အရင်စမ်းသပ်ပြီး မသက်သာဘူးဆိုရင်တော့ သောက်ဆေးကိုသုံးပါတယ်။
အရမ်းဆိုးရင် (အနာတွေဖြစ်ပါတယ်၊ ပြည်တည်ပါတယ်) ဒီအမျိုးအစားမှာတော့ လိမ်းဆေးရော၊ သောက်ဆေးပါ တွဲပြီး ပေးပါတယ်။
ဝက်ခြံပာာ ဖြစ်ပေါ်တဲ့နေရာမှာ အကြောင်းရင်း ၄ချက်ရှိသလို ကုသတဲ့နေရာမှာလည်း အဲဒီ အချက်တွေကို အဓိထားပြီး ကုသရပါတယ်။
၁။ အဆီပိတ်ဆို့မှုများကို Benzoin peroxide, Tretinoin, Retinoic acid အဲဒါတစ်မျိုးမျိုးနဲ့လိမ်းပြီးဖယ်ရှားရပါမယ်။
၂။ ဘက်တီးရီးယားပိုးတွေ ၀င်ရောက်ခြင်းကို လိမ်းဆေး Clindamycin, E-mycin gel ကိုလိမ်းရပါတယ်။ သောက်ဆေးပိုးသတ်ဆေး Tetracycline 500mg, E-mycin 500mg ကိုတစ်နေ့၂ကြိမ်သောက်ရပါတယ်။ ဒါ့အပြင် Doxycycline, Menocycline, Trimethroprim တို့ကိုလည်းသုံးနိုင်ပါတယ်။
၃။ အဆီထွက်တာလျော့ကျအောင် Ethinyl oestradiol 35micro gm, Isotretinoin တို့ကိုသောက်သုံးနိုင်ပါတယ်။ Oestradiol ကိုယောက်ျားလေးတွေမှာသောက်သုံးမယ်ဆိုရင် သေသေချာချာတိုင်ပင်သင့်ပါတယ်။ သူက မိန်းမပောာ်မုန်းဖြစ်တဲ့အတွက် ယောက်ျားလေးတွေမှာ မလိုလားအပ်တဲ့အခြားဆိုးကျိုးတွေဖြစ်ပေါ်နိုင်လို့ပါ။
၎။ ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ Antibiotics နဲ့ Isotretinoin တို့ကပဲပြုလုပ်ပေးပါတယ်။
Antibiotics လိမ်းဆေးနဲ့ Benzoyl peroxide gel တို့ကို နေ့အချိန်မှာလိမ်းပေးရပါတယ်။ Retinoids လိမ်းဆေးတွေကိုတော့ ညပိုင်းမှာလိမ်းပေးရပါတယ်။
ဒါ့အပြင် မျက်နှာကို တစ်နေ့သုံးခါလောက်ပုံမှန်သစ်ပါ။ ၀က်ခြံကို ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းကို ရှောင်ပါ။ မျက်နှာကို သန့်ရှင်းစွာထားပါ။
ဝက်ခြံရဲ့ဆိုးကျိုးတွေအနေနဲ့
ဖြစ်တဲ့ အရေပြားမှာ အရောင်ဖျော့သွားခြင်း၊ အရောင်ရင့်လာခြင်း၊ အနာတွေဖြစ်ခြင်း၊ အမာရွတ်တွေဖြစ်ပေါ်ခြင်းနဲ့ အရမ်းဆိုးရင် keloid scar လို့ခေါ်တဲ့ မို့မောက်နေတဲ့ အမာရွတ်တွေဖြစ်ပေါ်ခြင်း၊တို့ဖြစ်ပေါ်တတ်ပါတယ်။
ဝက်ခြံဖြစ်ပေါ်ခြင်းနဲ့ ၀က်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အောက်ပါနည်းလမ်းများနဲ့လည်း ကုသနိုင်ပါတယ်။
•Intra lesional steroids
•Cryotherapy
•Laser therapy
•Dermabrasion
•Chemical skin peeling
•Fillers
ဒါတွေကတော့ Health care centre တွေမှာသာ သွားရောက်ကုသနိုင်ပါတယ်။
Ref>လူတိုင်းသိသင့်သော ဆေးပညာ
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
No comments