ကလိထိုးရင်ဘာကြောင့် ရယ်ချင်တာလဲ
ကိုယ်ခန္ဓာရဲ့ တချို့နေရာတွေကအရေပြားကို မထိတထိကလိလိုက်ရင် ရယ်ချင်ကြတယ်။ ဘာလို့လဲဆိုတော့ အရေပြားရဲ့ အပေါ်ဆုံး (အပီဒါးမစ်) အလွှာမှာရှိတဲ့မှာရှိတဲ့ အာရုံကြောတွေက ဦးနှောက်ဆီကို လျှပ်စစ်အချက်ပြပေးပို့လို့ ဖြစ်ပါတယ်။ ဦးနှောက်ထဲက Somatosensory cortex (ဆိုမက်တို ဆင်ဇိုရီ) နေရာကနေ ဖိအားကိုသိလာမယ်။ နောက် Anterior cingulated cortex ရှေ့ပိုင်း (ဆင်ဂူလိတ်တတက်စ် ကောတက်စ်) နေရာကလဲ အချက်ပြမှုတွေကိုသုံးသပ်ပါတယ်။ ဒီနေရာတွေက သာယာမှုခံစားချက်တွေကို ရစေတယ်။
ဖြေးဖြေးပြောင်းလဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွေနဲ့ အာရုံကြောသိပံ္ပပညာရှင်တွေက ယုံကြည်ကြတာက ကလိထိုးခံရသူဟာ ဦးနှောက်ရဲ့ (ဟိုက်ပိုသဲလ်မတ်စ်) နေရာကနေလဲ နာကျင်မှုဆန်တဲ့ခံစားမှုကို သိလာတယ်လို့ဆိုကြပါတယ်။
အထိမခံချင်တဲ့နေရာတွေဖြစ်တဲ့ ချိုင်း၊ လည်ချောင်းနား၊ ခြေဖဝါးနားနေရာတွေက ကာကွယ်ရေး လုပ်ကြလို့ဖြစ်ပါတယ်။ အဲလိုနေရာတွေကို မထိတိ အထိခံရရင် ကျနော်-ကျမတော့ နှိပ်စက်တာခံနေရပါပြီလို့ အချက်ပြပို့ပါတယ်။ ကိုယ်ခန္ဓာ တောင့်တင်းလိုက်ပြီး မနာရအောင် ကာကွယ်ရေးလုပ်လာပါမယ်။
ဂေါ်ရီလာတွေကလဲ လူတွေလိုရယ်တယ်။ ကြွက်တွေကလဲ အတူတူပေမဲ့ 50kHz သာရှိလို့ လူတွေကမကြားရပါ။
ဒါဖြင့် ကိုယ့်ဖါသာကော ကလိထိုးလို့မရဘူးလား။ ဦးနှောက် အောက်-နောက်နားမှာရှိတဲ့ (ဆယ်ရီဘယ်လမ်) ကနေ အဲတာ မင့်ဟာမင်းလုပ်နေတာ အချိန်ကုန်ခံမနေနဲ့လို့ အသိပေးလို့ မရယ်ချင်တာဖြစ်ပါတယ်။
မှတ်ချက်။ ဒီဆေးသုတေသနသတင်းထဲမှာ ကျွန်တော်တို့လူမျိုးတွေ အများဆုံးယားတတ်တဲ့ ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်ဆိုတဲ့ ခါးနေရာမပါပါ။
ဒေါက်တာတင့်ဆွေ
၉-၁၁-၂ဝ၁၄

No comments