Breaking News

လင်းပိုင်တွေဟာ ဆင်တွေထက် မှတ်ဥာဏ် ပိုကောင်းကြောင်း လေ့လာမှု တစ်ရပ်က ဆို


အရင်တုန်းကပြော ပြောနေခဲ့တဲ့ ဆင်တွေက မှတ်ဥာဏ်အကောင်းဆုံးဆိုတာကို မေ့လိုက်ပါတော့။ ဆင်တွေက တကယ်ကိုလည်း မှတ်ဥာဏ်ကောင်းကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆင်ကြီးတွေနဲ့ အတူသွားခဲ့တဲ့ မိုင်ပေါင်းများစွာက နေရာတွေကိုလည်း ခုရေရှားလာတဲ့အခါ သူတို့ရဲ့ ကောင်းလွန်းလှတဲ့ မှတ်ဥာဏ်ကို အသုံးချပြီး မြေပုံလမ်းညွှန်မလိုဘဲ ပြန်လည်သွားနိုင်ပါတယ်။
အဲ့ဒီ့လိုမျိုးမှတ်ဥာဏ် ရှိလို့လည်း ဆင်တွေကို မှတ်ဥာဏ် အကောင်းဆုံး သတ္တ၀ါအဖြစ် သတ်မှတ်ထားခဲ့တာပါ။ ခုတော့ လင်းပိုင်တွေက ဆင်တွေ ထက် မှတ်ဥာဏ် ပိုကောင်းကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။ 
လင်းပိုင်တွေဟာ ရေရှည်မှတ်ဉာဏ်ကို  ပြန်လည်ဖော်ထုတ်နိုင်တဲ့ အခါမှာ စက်ဝိုင်းပုံ လှည့်ပတ်ပြီး သွားလာနိုင်ကြပါတယ်။ လင်းပိုင်တွေဟာ ကွဲပြားတဲ့ လေချွန်သံတွေ ကို မှတ်မိနိုင်ကြတယ် ဆိုတာကို သိပ္ပံပညာရှင်တွေ က ထပ်တလဲလဲ လေ့လာပြီးခဲ့ပါပြီ။ ပင်လယ်နို့တိုက် သတ္တ၀ါ တွေ အတွက် အဲ့ဒီ့ ကွဲပြားတဲ့ လေချွန်သံတွေ ဟာ နာမည်တွေပါပဲ။ ဆယ်စုနှစ် နှစ်ခုလောက် မတွေ့ရတဲ့ တခြား လင်းပိုင်တွေ က ခေါ်ရင်တောင် ခွဲခြား သိရှိနိုင်ပါတယ်။ 
ဘီလီလို့  အမည်ပေးထားတဲ့ လင်းပိုင် နဲ့ အယ်လ်လီ လို့ အမည်ပေးထားတဲ့ လင်းပိုင် တို့ဟာ အရွယ်မရောက်ခင် ကတည်းက ဖလော်ရီဒါပြည်နယ်မှာ ရှိတဲ့  Dolphin Connection ဆိုတဲ့ အပန်းဖြေစခန်းမှာ အတူတူနေခဲ့ကြတာပါ။ နောက်တော့ အယ်လ်လီက ချီကာဂို တိရစ္ဆာန် ဥယာဉ် မှာနေခဲ့ရပြီး ဘီလီကတော့ ဘာမူဒါ ကျွန်းစုကို ရွှေ့ပြောင်းသွားခဲ့ရပါတယ်။ နှစ်၂၀ကျော်ကြာသွားပြီးတဲ့နောက် ချီကာဂို မှာပြန်တွေ့ကြတဲ့ အခါ အယ်လ်လီရဲ့ ကွဲပြားတဲ့ လေချွန်သံ အချက်ပြ မှုကို ဘီလီက ခွဲခြား သိရှိပြီး တုံ့ပြန်ခဲ့ပါတယ်။ 
တခြား လင်းပိုင်တွေ မှာ လည်း အဲ့ဒီ့လိုမျိုး ထက်မြက်တဲ့ ဥာဏ်ရည် ဥာဏ်သွေး ရှိကြပါတယ်။ ဆွေမျိုးတွေ မှ မဟုတ်ပါပဲ အားလုံးကို ခွဲခြား သိရှိနိုင်တဲ့ မှတ်ဥာဏ်မျိုးပါ။
ရူးသွပ်လို့သာသွားမယ်။ ကျွန်တော်တို့တော့ မတတ်နိုင်ပါဘူး။ လင်းပိုင်တွေဟာ တခြား ဘယ်သတ္တ၀ါတွေမှာမှ မရှိကြတဲ့ အကြာရှည်ဆုံး အုပ်စုဖွဲ့ မှတ်ဥာဏ်မျိုး တကယ့် ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ အချက်ပြ လေချွန်သံတွေ က ပြောင်းမသွားဘူးလေ။ လေ့လာချက်တွေအရ မျောက်တွေ ဟာ လွန်ခဲ့တဲ့ လေးနှစ်လောက် က အသံတွေ ကို မှတ်မိနိုင်ပြီး ဆင်တွေကတော့ ၁၀နှစ်လောက်က အသံတွေကို မှတ်မိနိုင်တယ်လို့သိရပါတယ်။ အမြင်အာရုံကိုတော့ ထည့်မတွက်ထားပါဘူး။ လူတွေကတော့ မမှတ်မိနိုင်ပါဘူး။ အလယ်တန်းတုန်းက သူငယ်ချင်းတစ်ယောက်ကို အသံသက်သက်နဲ့ ဘယ်သူဘယ်ဝါလို့ဆိုပြီး ခွဲခြားမသိနိုင်ပါဘူး။ မျက်နှာတွေကိုတော့  yearbook  မှာကြည့်လိုက်တာနဲ့ ဘယ်သူဆိုတာ တန်းသိပါတယ်။ လူ့အသံတွေကတော့ အချိန်မရွေးပြောင်းသွားနိုင်တယ်လေ။
Ref:CNN

No comments