ပို့ဆောင်ရေး ကြိုတင်ငွေဖြည့်ကတ်မှာ အပြာမင်းသမီးပုံသုံးလို့ ဝေဖန်
ထိုင်ဝမ်မြို့တော် တိုင်ပေတွင် ဘတ်စ်ကား၊ ရထားများ စီးရာတွင် ငွေပေးချေရန် သုံးသည့် ကြိုတင်ငွေဖြည့် ကတ်များတွင် ဂျပန်အပြာ ရုပ်ရှင်မင်းသမီး ယူအီဟာတာနိုပုံ သုံးထားသဖြင့် ဝေဖန်သံများ ညံနေကြောင်း သိရသည်။
အဆိုပါကတ်များ ပေါ်မှ ပုံမှာ ညစ်ညမ်းပုံ မဟုတ်ဘဲ ရိုးရိုးပုံသာ ဖြစ်ကြောင်း မင်းသမီး ဟာတာနိုက ရှင်းလင်း ပြောကြားထားသည်။
“ကျွန်မက အပြာမင်းသမီး တစ်ဦး ဖြစ်ရုံနဲ့ပဲ ချစ်တဲ့ထိုင်ဝမ် နိုင်ငံအတွက် တစ်ခုခု မလုပ်ပေးနိုင်ဘူးတဲ့လား”ဟု မင်းသမီးက ဖိုးကပ်စ် ထိုင်ဝမ် ၀က်ဘ်ဆိုက် သတင်းသို့ ပြောကြားထားသည်။ တိုင်ပေတွင် ထိုကတ်များ ရောင်းချရသည့် ငွေများမှ တချို့မှာ အလှူဒါနများ လုပ်ရန်ဖြစ်ကြောင်း ဆိုသည်။
သို့သော် ပြည်သူများကြား ဂျပန် အပြာမင်းသမီးပုံ သုံးခြင်းကို ကျယ်ပြန့် စွာ ဝေဖန်မှုများ ရှိဆဲဖြစ်သည်။ တိုင်ပေမြို့တော်ဝန် ကိုဝမ်ဂျီကလည်း ရိုက်တာ သတင်းသို့ ပေးပို့သည့် ၎င်းတို့ ထုတ်ပြန်ချက်တွင် ၎င်းနေဖြင့်လည်း ထိုကတ်ပြားများ ဒီဇိုင်းရေးဆွဲသည့် ကုမ္ပဏီ၏ စိတ်ကူးကို ကြိုတင် မသိခဲ့ရကြောင်း ဆိုသည်။ ထိုကတ်များကို Easy Card ဟုခေါ်ပြီး ကတ်ပြားတွင် မစ္စဟာတာနိုအား အင်္ကျီအနက်၊ တင်းမာသည့် ဟန်ပန်ပုံဖြင့် တွေ့ရသည်။
သို့ သော် ဝေဖန်မှုများ ဖြစ်ပြီးနောက် အွန်လိုင်းတွင် တွေ့ရသည့် ကတ်ပြားနမူနာ ပုံတချို့တွင်မူ မစ္စဟာတာနိုကို ပြုံးရွှင်နေပြီး အင်္ကျီအဖြူဖြင့် တွေ့ရသည်ဟု သိရသည်။
messengernewsjournal

No comments