Breaking News

ရေခဲမုန့်ကျွေးမယ်ဆိုပြီး မဲဆွယ်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး မြို့တော်ဝန်


အမေရိကမှာ သုံးနှစ်အရွယ်သာရှိတဲ့ကလေးငယ်လေးက မြို့တော်ဝန်လုပ်နေတယ်ဆိုတာ ယုံနိုင်ဖွယ်ရာ သတင်းတစ်ရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ပါတယ်။ James Tufts  လို့ခေါ်တဲ့ သုံးနှစ်သား အရွယ်ကလေးငယ်လေးက သူ့အစ်ကိုရဲ့ခြေရာကိုနင်းပြီး မြို့တော်ဝန်ဖြစ်လာတာပါ။



အမေရိကမှာရှိတဲ့ ဒေါ့ဆက်ဆိုတာ မြို့ငယ်လေးမှာ အဆိုပါကလေးငယ်က မြို့တော်ဝန်ဖြစ်နေတာပါ။ သူ့ရဲ့ အစ်ကိုကလည်း လေးနှစ်သားအရွယ်မှာမြို့တော်ဝန်ဖြစ်ခဲ့ပြီး သက်တမ်းနှစ်ဆက်လောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒေါ့ဆက်ဟာ မြို့ငယ်လို့သာဆိုတဲ့အတိုင်း လူဦးရေ ၂၂ ဦးပဲနေထိုင်တဲ့ နေရာလေးဖြစ်ပါတယ်။ မြို့ငယ်လေးရဲ့ ထုံးစံအတိုင်း တစ်နှစ်တစ်ခါ စားသောက်ပွဲ ကျင်းပကြပါတယ်။ အဲဒီပွဲမှာ မြို့တော်ဝန်ရွေးချယ်ကြတာဖြစ်ပါတယ်။


ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေက လစာကောင်းရဖို့၊ ငြိမ်းချမ်းရေးရဖို့၊ အာမခံကောင်းတွေပိုရဖို့၊ ဒေသတိုးတက်ဖို့ စတဲ့အချက်တွေနဲ့ မဲဆွယ်စည်းရုံးကြပေမယ့် ကလေးငယ် James ကတော့ မြို့ကလူတွေကို ရေခဲမုန့်ကျွေးမယ်ဆိုပြီး စည်းရုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူက ကြီးလာရင် ငါးဖမ်းသမားလုပ်မယ်လို့လည်း ပြောပါတယ်။

sorce - time
http://www.planet.com.mm/detail/28446/World

No comments