မေးခိုင်ပါးရွဲ့၊ လေဖြတ်ရောဂါများအတွက် သဘာဝဆေးနည်း

လေဖြတ်ခြင်းတို့ဖြစ်ပါက အစွမ်းထက်သည့် သဘာဝအိမ်တွင်းကုထုံးများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါသည်။
(၁) ပုံထဲမှာပါတဲ့ ရှောက်ခါးသီး၊ တောရှောက်သီးခေါ် ရှောက်ဘီးလူးသီး၏ အရွက်သန့်သန့် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၍ ပြုတ်ပါ။
(၂) ၄င်းရှောက်ခါးသီးရွက်ပြုတ်ရည်ကို ခွက်ထဲထည့်၍ အခါးဓါတ်အနည်းငယ်
လျှော့သွားအောင် သကြားအနည်းငယ်ထည့်ပါ၊ ရှောက်ခါးသီးကို အရည်အနည်းငယ်မျှ ညှစ်ထည့်၍ သောက်ပါ။
(၃) သို့မဟုတ် ၄င်းရှောက်ခါးသီးရွက်ပြုတ်ရည်ကို ဇော်ဂျီဇီဝက-လေငန်းဆေးနှင့် တွဲ၍ သောက်ပါ။
(၄) နနွင်းမှုန့်အနည်းငယ်ကို ပျားရည်နှင့်နယ်ထား၍ မန်ကျည်းစေ့ခန့် လုံးထားပါ။ ၄င်းရှောက်ခါးပြုတ်ရည်ဖြင့် တစ်နေ့တစ်ခွက်၊ ဆေးတစ်လုံး သောက်ပါ။
၎င်းဆေးနည်းကို တစ်လခန့် သောက်သုံးပါက မေးခိုင်းပါးရွဲ့ပါးစောင်ခြင်း၊
လေငန်း၊ လေဖြတ်ရောဂါများ သက်သာပျောက်ကင်းသွားပါမည်။
ဒီဆေးနည်းကိုလည်း သင့်မိတ်ဆွေများထံ မျှဝေပေးနိုင်ကြပါသည်။
စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - အစွမ်းထက်သောတိုင်းရင်းဆေးနည်းများ
credit by newmyanmarpyi
No comments