Breaking News

ဂျပန်အပြာကား မင်းသားကိုယ်တိုင် ချက်ပြုတ်ရောင်းချတဲ့ မစင်အရသာ ဟင်းလျာ



ဂျပန်နိုင်ငံက အိန္ဒိယစားသောက်ဆိုင်တစ်ဆိုင်ဟာ မစင်အရသာဟင်းလျာကို အိမ်သာကြွေခွက်ပုံစံ ပန်းကန်လုံးနဲ့ စတင်ရောင်းချခဲ့ပါတယ်။
ဟင်းပွဲမီနူးမှာ ‘unko curry’ လို့ ထည့်သွင်းထားတဲ့ ဒီစိတ်ပျက်စရာအဓိကဟင်းလျာဟာ ဆိုင်ပိုင်ရှင်၊စားဖိုမှူး Ken Shimizu ရဲ့ စိတ်ကူးဖြစ်ပြီး ‘unko curry’ ဆိုတာ မစင်အရသာ မဆလာဟင်းလို့ အဓိပ္ပါယ်ရပါတယ်။Ken Shimizu ဟာ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံး အပြာကား သရုပ်ဆောင်မင်းသား တစ်ဦးလည်းဖြစ်ပြီး ဒီဟင်းလျာဟာ ညစ်ညမ်းဗီဒီယိုကား ၁၀၀၀ ကျော်မှာ သူသရုပ်ဆောင်ခဲ့တဲ့ အထူးဇာတ်လမ်းအခန်း တစ်ချို့ ကနေ စိတ်ကူးအိုင်ဒီယာ ရခဲ့တယ်လို့  ဆိုပါတယ်။
ဒီဟင်းလျာရဲ့ပါဝင်ပစ္စည်းတွေကတော့ သင်စိတ်ချလက်ချ သုံးဆောင်နိုင်ပါတယ်။ ဂျပန်လက်ဖက်ရည်ကြမ်း နဲ့ ဘူးသီးရဲ့ ခါးတဲ့အပိုင်းကို ရောချက်ထားတာဖြစ်ပြီး လျှာပေါ်ထိတွေ့ လိုက်တဲ့အခါရတဲ့ ရွံရှာစရာခံစားမှု ကတော့ ကိုကိုးမှုန့် ကို ရောစပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
Shimizu ဟာ ဒီဟင်းလျာကို မှာယူမလားဆိုတာကို ဒေသခံ ၄၀၀ ကို စာရင်းကောက်ယူခဲ့ပြီး ကိုးရာခိုင်နှုန်းက ဒီဟင်းပွဲကို စမ်းသပ်စားသုံးကြည့်ချင်ပြီး သုံးပုံတစ်ပုံကတော့ ဒီစိတ်ကူးဟာ ရူးသွပ်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။စိန်ခေါ်မှုအဖြစ် ဒီ မစင်ဟင်းလျာ တစ်ယောက်စာပွဲကြီးကို ပြောင်စင်အောင်စားနိုင်တဲ့သူဟာ အထိမ်းအမှတ် ကပ်ခွာတစ်ခု လက်ဆောင်ရမှာဖြစ်ပါတယ်။

Ref: Mirror
 http://www.trend.com.mm/2015/08/26/news-7496

No comments