Breaking News

ပြေနေတဲ့ ဖိနပ်ကြိုးက စက်လှေကားထဲ ညှပ်ပါပြီး ဘယ်ဘက်ခြေထောက် တစ်ချောင်းလုံး ဆုံးရှုံးခဲ့ရ




အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဟာ မက္ကဆီကိုစီးတီးက အာရာဂွန် ပလာဇာမှာ ကြောက်မက်ဖွယ်ရာ စက်လှေကား မတော်တဆမှုတစ်ခုကြောင့် ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။


သူငယ်ချင်းတွေနဲ့ အတူ ရှော့ပင်းမောလ်တစ်ခုမှာ ဈေးဝယ်ထွက်နေရင်း စက်လှေကား စီးခဲ့ရာမှာ အဆိုပါကောင်လေးရဲ့ ပြေလျော့နေတဲ့ ဖိနပ်ကြိုးက စက်လှေကားထဲ ညှပ်ပါကာ လူကိုပါ ရွေ့ လျားနေတဲ့ စက်ယန္တရားထဲ ဆွဲခေါ်သွားခဲ့တာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်ကြုံတွေ့ ရသူတွေဟာ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမယ့် ရဲအရာရှိတွေက တားဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကောင်လေးကို နီးစပ်ရာဆေးရုံပို့ ခဲ့ရပြီး စိုးရိမ်ဖွယ်ရာအခြေအနေရှိတယ်လို့ သိရပါတယ်။ ဆရာဝန်တွေဟာ ညှပ်ပါသွားတဲ့ခြေထောက်ကို ကုသကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် လည်း ခြေထောက် တစ်ချောင်းလုံးကို ဖြတ်ပစ်ခဲ့ရတယ်လို့ Mirror သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

စက်လှေကားမတော်တဆမှုဟာ မက္ကဆီကိုမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကလည်း တရုတ်နိုင်ငံက ရှော့ပင်းမောလ် တစ်ခုမှာ အလားတူစက်လှေကား မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။


Ref: Mirror
Trendmyanmar

No comments