Breaking News

ခွေးနှစ်ကောင်ချစ်ကြိုက်ရာကနေ ပိုင်ရှင်တွေထိ ကူးစက်သွားခဲ့သော လက်ထပ်ပွဲ

လမ်းပြခွေးနှစ်ကောင်ရဲ့ပိုင်ရှင်တွေဟာ သူတို့ခွေးတွေအချင်းချင်း ဆုံစည်းချစ်ခင်ကြရာကနေ သူတို့ကိုယ်တိုင် တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင်သွားကြပြီး လက်ထပ်လိုက်ကြတယ်လို့ သိရပါတယ်။
အမြင်အာရုံချွတ်ယွင်းအားနည်းနေကြတဲ့ အသက် ၅၁ နှစ်ရှိ မာ့ခ်ဂက်ဖေးနဲ့ အသက် ၅၀ ရှိ ကလျာဂျွန်ဆင်တို့ဟာ သူတို့ခွေးတွေ လွန်ခဲ့တဲ့နှစ်နှစ်က လေ့ကျင့်ရေးစခန်းမှာ ချစ်ကြိုက်ကြပြီးတဲ့နောက် ဘာရယ်စတုန်းမှာ လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။

ဗင်းနစ်နဲ့ ရော့ဒ်အမည်ရ လမ်းပြခွေးတွေဟာ လမ်းပြ၀န်ဆောင်မှုကနေတစ်ဆင့် ပျော်ရွှင်တဲ့ စုံတွဲဖြစ်လာခဲ့ကြပြီး သူတို့သခင်တွေရဲ့ မင်္ဂလာပွဲမှာ လက်စွပ်ဗန်းကိုင်တွေအဖြစ် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကလျာတို့စုံတွဲဟာ ၂၀၁၂ ခုနှစ်က နှစ်ပတ်ကြာလမ်းပြခွေးသင်တန်းမှာ စတင်ဆုံစည်းခဲ့ကြတာပါ။
ရော့ဒ်နဲ့ ဗင်းနစ်တို့ ချစ်ရည်လူးလာကြချိန်မှာ သူတို့နှစ်ဦးလည်း ရင်းနှီးကျွမ်းဝင်လာကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့ကတည်းက မာ့ခ်က ကလျာ့ကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments