Breaking News

အာရှတိုက်၏ အကြီးဆုံး ပြည့်တန်ဆာရပ်ကွက်



အာရှတိုက်အတွင်း အကြီးဆုံး ပြည့်တန်ဆာ ရပ်ကွက်ဟာ အိန္ဒိယနိုင်ငံ၊ကိုလ်ကာတာမြို့၊ဆိုနာဂါချီ အရပ်ဒေသမှာ တည်ရှိပါတယ်။ အဲဒီနေရာမှာ ပြည့်တန်ဆာ လုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်နေသူ (၁၄၀၀၀) ကျော် ရှိပါတယ်။
အိန္ဒိယနိုင်ငံ တစ်ဝန်းက ပြည့်တန်ဆာတွေဟာ ဒီနေရာမှာ စုဝေးပြီး အလုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ အခန်းထဲမှာ နေထိုင်ပြီး ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်နေတာဖြစ်ပြီး၊ ဒီဒေသမှာရှိတဲ့ အိမ်တွေဟာ ဒီလုပ်ငန်းနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။ ဒီနေရာကို အာရှဒေသရဲ့ အကြီးဆုံး မီးအိမ်နီ အရပ်ဒေသလို့ ခေါ်ဆိုကြပါတယ်။ နှစ်စဉ် ဒီဒေသကို လာရောက်တဲ့ ပြည့်တန်ဆာ အရေအတွက်ဟာ ( ၁၀၀၀) နီးပါး ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနေရာကို ရောက်လာသူတွေရဲ့နောက်ကွယ်မှာ အကြောင်းရင်း မျိုးစုံရှိနေပါတယ်။ အချို့ကတော့ ရောင်းချခံရခြင်းကြောင့် ရောက်ရှိလာတာ ဖြစ်ပေမယ့် အချို့ကတော့ ရွေးချယ်စရာ အလုပ်အကိုင် မရှိတာကြောင့် ၀င်ရောက် လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း သိရပါတယ်။ အသက်အရွယ် မျိုးစုံရှိပြီး အသက် (၇၂)နှစ် အဘွားအိုတစ်ဦးကိုလည်း တွေ့ခဲ့ရကြောင်း ဒေးလီးမေးလ်မှာ ရေးသားထားပါတယ်။

ဒီအဘွားအိုဟာ ဒီနေရာကို ရောက်ရှိနေတာ ကြာပြီဖြစ်ပြီး၊ အခြားနေရာကို ဟြေင်းခဲ့ရင် ဒုက္ခတွေ့မှာ စိုးရိမ်တာကြောင့် မဟြေင်းရွှေ့တော့တာ ဖြစ်ပါတယ်။ အချို့က ဒီနေရာဟာ သူတို့အတွက် အကောင်းဆုံး နေရာဖြစ်နေပြီး၊ ဘ၀ကို ရပ်တည်ဖို့ လုံလောက်တဲ့ငွေကြေး ရှာဖွေပေးတဲ့နေရာ အဖြစ် ခံယူထားပါတယ်။ ဘိုင်ရှကြီ အမည်ရ လိင်လုပ်သား တစ်ဦးကလည်း မိမိအနေဖြင့် အခြားနေရာတွင် အလုပ်လုပ်ပါက တစ်လကို ပေါင် (၁၅) သာ ရရှိမည်ဖြစ်ပြီး၊ ဒီနေရာမှာတော့ တစ်လကို ပေါင် (၂၀၀) အထိ ရနိုင်ကြောင်း လက်ကိုင်ဖုန်းကို ပွတ်ရင်း ဟြေကြားခဲ့ပါတယ်။

ကိုလ်ကာတာမြို့ဟာ အနောက် ဘင်ဂေါမှာရှိတဲ့ ပျော်စရာမြို့ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြို့မှာရှိတဲ့ ဆိုနာဂါချီ အရပ်ဒေသဟာ ပြည့်တန်ဆာ ရပ်ကွက်ကြီး ဖြစ်နေတာကြောင့် အံ့အားသင့်စရာ ဖြစ်နေပါ တယ်။ ဒီနေရာမှာ နေထိုင်တဲ့ သူတွေကတော့ သူတို့ရဲ့ဘ၀ဖြတ်သန်းဖို့၊ မိသားစုကို ကူညီပေးနိုင်ဖို့၊ အသက်ရှင်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အခန်းကျဉ်းထဲမှာ ခက်ခဲတဲ့ဘ၀ တစ်ခုကို တည်ဆောက် နေရပါတယ်။ လင်ယောက်ျားနဲ့ ကွဲပြီး ရောက်လာသူ၊ ကလေးတွေ စာသင်ဖို့ ငွေကြေးလာရှာသူ၊ ရောင်းချ ခံရပြီး ရောက်လာသူ စသဖြင့် အဖြစ်အပျက် မျိုးစုံကို ကြားသိနေရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ လိင်လုပ်ငန်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိပေမယ့် ဒီနေရာကို ရောက်လာသူတွေကို လူမှုအဖွဲ့အစည်းတွေက ရောဂါမကူးအောင် ကူညီပေးနေကြောင်း သိရပါတယ်။

The Messenger

No comments