Breaking News

ရင်သား အစားထိုး ခွဲစိတ်ထားသော အမျိုးသမီးများ သတ်သေနိုင်ခြေ (၃) ဆများ


ရင်သား အစားထိုး ခွဲစိတ်ထားသည့် အမျိုးသမီးများသည် ကိုယ့်ကိုယ်ကို  သတ်သေနိုင်ခြေနှင့် အရက် မူးယစ်ဆေး တို့ကြောင့် သေဆုံးနိုင်ခြေ ပုံမှန်ထက် သုံးဆပိုများကြောင်း လေ့လာမှု စစ်တမ်းသစ် တစ်ရပ်က ဆိုသည်။
          အမျိုးသမီးများ ခွဲစိတ်ပြုပြင်ချင်သည် အထိ ဖြစ်ရခြင်းမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် လျော့ကျလာခြင်းနှင့် ခန္ဓာကိုယ် ပုံပန်း အပေါ် မကျေနပ်စိတ်များ ဖြစ်ပေါ်ခြင်း အပါအ၀င် စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းကြောင့် ဖြစ်ကြောင်း သုတေသီများက ပြောသည်။

          ပညာရှင်များသည် ဆွီဒင်နိုင်ငံရှိ ရင်သား ခွဲစိတ်မှု ခံယူထားသော အမျိုးသမီး (၃၅၂၇) ဦးကို ၁၉၆၅ ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ စောင့် ကြည့် လေ့လာခဲ့ပြီး၊ သေဆုံးခဲ့ရပုံများကို ဆန်းစစ်ခဲ့သည်။ ယင်းတို့ အနက်မှ (၂၄) ဦးသည် (၁၉) နှစ်အရွယ် ၀န်းကျင်တွင် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်း သိရသည်။
          ထို့ပြင် အရက်နှင့် မူးယစ်ဆေး တို့ကြောင့် သေဆုံးနိုင်ခြေလည်း များကြောင်း သိရသည်။ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာဖြင့် သေဆုံးနိုင်ခြေ နည်းသွားသော်လည်း အဆုတ်နှင့် အသက်ရူ လမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်ခြေ ကတော့ များဆဲဖြစ်ကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။
          အဆုတ်နှင့် အသက်ရူ လမ်းကြောင်း ရောဂါ ဖြစ်ပွားရခြင်းမှာလည်း ဆေးလိပ် သောက်သုံးမှု များခြင်းကြောင့် ဖြစ်နိုင်ကြောင်း လေ့လာ သူများက ပြောကြားခဲ့သည်။ လေ့လာမှု စစ်တမ်းကို Annals of Plastic Surgery ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Source: Daily Mail
http://www.messengernewsjournal.com/General/Eventure/detail.php?id=42681 

No comments