ဘ၀သက်တမ်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကို ပူပန်သောကတွေနဲ့ မကုန်ဆုံး ရဖို့ ဒီနည်းလမ်းလေးတွေနဲ့ ကြိုးစားကြည့်ပါ
ကျွန်တော်တို့ ဘ၀သက်တမ်းရဲ့ ငါးနှစ်အချိန်ကာလကို စိတ်ဖိစီးသောကတွေနဲ့ ဖြတ်သန်းရတယ်လို့  ဆိုပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အချစ်ရေး၊ ပိုက်ဆံ၊ အလုပ်၊ ကျန်းမာရေးက စလို့ ဘတ်စ်ကားမမီလိုက်တာ၊ အလုပ်နောက်ကျတာ စတဲ့ ပူပင်သောက တွေနဲ့ တစ်နေ့ တာကို ကုန်ဆုံးတတ်ကြပါတယ်။ ပျှမ်းမျှအားဖြင့် တစ်နေ့ ကို အချိန် ၁ နာရီ နဲ့ မိနစ် ၅၀ လောက် စိတ်ပူပန်နေတတ်ကြပြီး ပျှမ်းမျှ ဘ၀ သက်တမ်းနဲ့ တွက်မယ်ဆိုရင် စုစုပေါင်း ၄ နှစ် နဲ့ ၁၁ လောက် စိတ်ပူပန်နေတတ်ကြ ကြောင်း ဆေးဖက်ဆိုင်ရာကုမ္ပဏီ Rescue Remedy က လေ့လာဖော်ပြခဲ့ပါတယ်။
စိတ်ဖိစီးမှုကင်းစင်ဖို့ အတွက် အောက်ပါ အချက်လေးတွေကို ကျင့်သုံးကြည့်ပါ။
၁။ ဂရိုတ်ဖရုသီးကို ရှူရှိုက်ပေးပါ။
ရှောက်၊သံပုရာရနံ့ က စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။
၂။ သင်စိုးရိမ်ပူပန်နေရတာတွေကို စာရွက်ပေါ်မှာ ရေးချကြည့်ပါ။
ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုအရ စိုးရိမ်ပူပန်မှု၊အကြောက်တရားတွေကို စာရွက်ပေါ် ရေးချပေးတာက ပူပန်သောကတွေ ကိုယ့်အပေါ်သက်ရောက်မှုကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။ စာမေးပွဲဖြေခါနီး စာမေးပွဲကြောက်လန့် တဲ့ ရောဂါရှိတတ်တဲ့ ကျောင်းသားတွေကို သူတို့ ရဲ့စိုးရိမ်ပူပန်မှုတွေကို စာရွက်ပေါ် ရေးချခိုင်းခဲ့ရာမှာ အဆိုပါကျောင်းသားတွေဟာ စာမေးပွဲရမှတ်တွေ သိသိသာသာ ကောင်းမွန်ခဲ့ကြောင်း တွေ့ ရှိခဲ့ ရပါတယ်။
၃။ အိပ်ရာဝင်ချိန်ကို ပြောင်းလဲပေးပါ။
ညဥ့်နက်မှ အိပ်ရာဝတတ်တဲ့သူတွေဟာ အဆိုးမြင်အတွေးတွေနဲ့ ပိုမိုပြည့်နှက်တတ် ကြောင်း ဘင်ဟမ်တန်တက္ကသိုလ်က သုတေသနပညာရှင်တွေက လေ့လာတွေ့ ရှိခဲ့ပါတယ်။ သူတို့ ဟာ အနာဂတ်ကို ကြိုပူပန်နေတတ်ကြပြီး အတိတ်မှာ တ၀ဲလည်လည်ဖြစ်တတ်ကြပါတယ်။
၎။ ချောကလက်စားပေးပါ။
ချောကလက်အနက် တစ်နေ့ ကို တစ်အောင်စခွဲလောက် နှစ်ပတ်ကြာစားပေးတဲ့ လူတွေမှာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ stress hormones ထွက်ရှိမှုနည်းသွားပါတယ်။
၅။ အသက်ပြင်းပြင်းရှူပါ
ပါးစပ်ကနေ အသက်ရှူထုတ်ပြီး နှာခေါင်းကနေ အသက်ရှူထုတ်မှုကို အကြိမ်အရေအတွက်ကို လေးကြိမ်ပြုလုပ်ပါ။ ပြီးတော့ ခုနှစ်စက္ကန့် လောက် အသက်အောင့်ထားပါ။ နောက်ဆုံးမှာ ရှစ်စက္ကန့် ကြာအောင် ပါးစပ်ကနေ အသက်ရှူထုတ်ပးပါ။ ဒီ ‘၄-၇-၈’ အသက်ရှူနည်းက တကယ်ထိရောက်မှု ရှိပါတယ်။
Ref: Mirror
Trend Myanmar
No comments