Breaking News

အပျိုစင်ပြန်ဖြစ်ရန် အမျိုးသမီးအင်္ဂါ ခွဲစိတ်သည့်ကြော်ငြာ ကမ္ဘောဒီးယားတားမြစ်

အပျိုစင်ပြန်ဖြစ်ရန် အမျိုးသမီးလိင်အင်္ဂါ ခွဲစိတ်တဲ့ ကြော်ငြာတွေကို ရပ်နားဖို့ ဆေးရုံကို ကမ္ဘောဒီးယားအစိုးရက တားမြစ်လိုက်ပါတယ်။
 ပြန်ကြားရေးဝန်ကြီးရဲ့ တားမြစ်စာမှာတော့  လူ့အဖွဲ့အစည်းရဲ့ အကျင့်စာရိတ္တကို ထိခိုက် ပျက်ပြားစေတယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။



ကမ္ဘောဒီးယားက ဆေးခန်းတော်တော်များများက ဒီခွဲစိတ်မှုကို တိတ်တဆိတ် လုပ်ဆောင်မှုတွေ ရှိနေသလို ဖနွမ်းပင် ဗစ်တိုးရီးယား နိုင်ငံတကာဆေးရုံက တမူထူးခြားစွာနဲ့ လူသိရှင်ကြား ကြေညာလိုက်တာလို့ ဆိုပါတယ်။

ဆေးရုံကို လာတဲ့ တခြားလူနာတွေရဲ့ ဂုဏ်သိက္ခာဟာလည်း ကြော်ငြာကြောင့် ပျက်ပြားစေသလို နိုင်ငံတွင်းက မီဒီယာတွေကိုလည်း ဒါကို မကြော်ငြာဖို့ တားမြစ်စာမှာ ပါရှိတယ်လို့ သတင်းက ရေးပါတယ်။

ဒီခွဲစိတ် ကုသမှုကို ကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်ဘူးဆိုရင်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားမှုကို ထိခိုက်နိုင်တဲ့ အတွက် အာဏာပိုင်တွေက ဆေးရုံတွေမှာ ခွဲစိတ်မှုအတွက် ကျွမ်းကျင်တဲ့ ဆရာဝန်ရှိမရှိ စစ်ဆေးသင့်တယ်လို့ အမျိုးသမီးဆိုင်ရာ ၀န်ကြီးဟောင်းက ပြောတယ်လို့ ဆိုပါတယ်။

မကြာခင်နှစ်တွေကလည်း ငယ်ရွယ်တဲ့ အမျိုးသမီးတွေရဲ့ အပျိုစင်ဘ၀ကို ချမ်းသာတဲ့ လူတွေကို ရောင်းချမှုတွေကြောင့် ကမ္ဘောဒီယားဟာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

တခြားအာရှက လူမှုအသိုင်းအ၀န်းတွေလိုပဲ လက်မထပ်မီအချိန်အထိ အပျိုရည်ကို ထိန်းသိမ်းတာဟာ ကမ္ဘောဒီးယား အမျိုးသမီးတွေအတွက် ဖိအားတခုလို ဖြစ်နေပါတယ်။


ဒီအတွက် လိင်မဆက်ဆံပေမယ့် ပျက်ယွင်းတတ်တဲ့ အပျိုရည်ကို ထိန်းသိမ်းဖို့ နည်းလမ်းတွေ ရှာဖွေကြသလို အပျိုရည်ရှိပေမယ့် အပျိုဟုတ်မဟုတ် စစ်ဆေးဖို့ နည်းလမ်းကောင်းမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

DVB

No comments