Breaking News

မွန်ဂိုလီးယားတွင် တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတစ်ပါး၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်းတွေ့ရှိခဲ့





တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင် နေပုံရသည့် အံ့အားသင့်ဖွယ်သူ တော်စင်တစ်ဦး၏ ရုပ်အလောင်းတစ် ခုကို မွန်ဂိုလီးယားနိုင်ငံတွင် ရှာတွေ့ ခဲ့ကြောင်း Mail Online သတင်း အရ သိရသည်။
အဆိုပါ သူတော်စင်၏ကြွင်း ကျန်သည့် ခန္ဓာကိုယ်အား တိရစ္ဆာန် သားရေဖြင့် ထုပ်ပိုးထားသည်ကို ရှာတွေ့ခဲ့ပြီး ယင်းအားဆေးပညာ ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေဆဲ ပင်ဖြစ်သော်လည်း ထိုအရာသည် အနည်းဆုံးနှစ် ၂ဝဝ သက်တမ်းရှိပြီ ဟု ယူဆရသည်။

''တွေ့ခဲ့ရတဲ့ အရာ မှာ တင်ပျဉ်ခွေပုံစံနဲ့ ထိုင်နေတာ ပါ။ တရားထိုင်နေတာဖြစ်နိုင်ပါတယ်'' ဟုလည်း The Siberian Times သတင်းစာက မွန်ဂိုလီးယားမီဒီယာ များ၏ ဖော်ပြမှုကို ကိုးကားဖော်ပြ ထားသည်။
ထိုအရာအား ဆေးပညာဆိုင် ရာ စစ်ဆေးမှုများပြုလုပ်ရန် လက် ရှိအချိန်တွင် မြို့တော် အူလန်ဘာတာ သို့ သယ်ဆောင်ထားပြီဟုလည်း တွေ့ ရသည်။
အစောပိုင်းခန့်မှန်းမှုများ အရ ယင်းသည် တိဗက်ရိုးရာဗုဒ္ဓ ဘာသာဝင် လားမားဘုန်းတော်ကြီး တစ်ပါး၏ ကြွင်းကျန်သည့် ရုပ်အလောင်း ဟု သိရသည်။
ထို့အပြင် ယခုတွေ့ ခဲ့ရသည့် ရုပ်အလောင်းသည် နာမည် ကျော် လားမားဒါရှီ-ဒေါ်ဇိုတီတီဂီ လောဗ်ဆရာ၏ ရုပ်အလောင်းဖြစ် နိုင်သည်ဟုလည်း ခန့်မှန်းလျက်ရှိ သည်။

အံ့အားသင့်ဖွယ်တရားထိုင် နေဆဲအနေအထားဖြင့် ရှာတွေ့ခဲ့ သည့် ရုပ်အလောင်းသည် နှစ်ကာ လများစွာကြာမြင့်သည့်တိုင် ပျက်စီး ယိုယွင်းမှုမရှိကြောင်းလည်း သိရ သည်။

Yangon Media Group

No comments