Breaking News
ဘီယာသောက်ပြိုင်ပွဲ
တရုတ်နိုင်ငံ အလယ်ပိုင်း ၀ူပာန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဟာ ထူးခြားနေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘီယာသောက်ပြိုင်ပွဲ ဖြစ်နေတာကြောင့်ပါ။
ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့သူဟာ ပေါင် ( ၁၂) သန်းတန်ဖိုးရှိတဲ့ အပန်းဖြေစခန်းမှာ ၀င်ရောက်ခွင့် လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ ဘီယာသောက်ပြိုင်ပွဲကို အမျိုးသားတွေရော အမျိုးသမီးတွေပါ ၀င်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
      ဘီယာတွေကို လက်ဆေး ဇလုံထဲမှာ ထည့်သောက်ရတာ ဖြစ်ပါတယ်။ ( ၅၀၀) မီလီလီတာပါ ဘီယာလေးလုံးကို လက်ဆေးဇလုံထဲ တစ်ပြိုင်နက်တည်း ထည့်ပြီး သောက်ရတာ ဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ ငါးမိနစ်အတွင်း ကုန်အောင် သောက်ရမှာဖြစ်ပြီး အနိုင်ရသူဟာ အပန်းဖြေစခန်း ၀င်ရောက်ခွင့် လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီး ( ၁၀၀) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး  အမျိုးသားတစ်ဦးဟာ နှစ်မိနစ်အတွင်း ကုန်အောင် သောက်ပြသွားခဲ့လို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အချို့ပြိုင်ပွဲဝင်တွေဟာ မျက်နှာတွေ နီရဲနေကြပြီး ပြိုင်ပွဲဝင်အများစုကတော့ သတ်မှတ် အချိန်အတွင်း ကုန်အောင် သောက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာ အောင်ပွဲ ခံသူတွေဟာ ဘီယာ အသောက်နိုင်ဆုံး ဘုရင်၊ ဘုရင်မဆုကို ရရှိမှာဖြစ်ပေမယ့် ဒီဂုဏ်ထူးဟာ အပြင်လောကမှာ ထုတ်ကြွားရင် ရှက်စရာဖြစ်ကြောင်း လူမူကွန်ရက်မှာ ဝေဖန်ခဲ့ပါတယ်။
No comments