Breaking News

ကြီးမားတဲ့တင်ပါးကို ကြည့်ပြီး အချစ်ထက် ကာမရယူလိုသူယောက်ျားများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြံစည်ခဲ့တဲ့ အမျိုးသမီး





အမျိုးသမီးတွေဟာ ကြီးမားတဲ့တင်ပါးတွေ ပိုင်ဆိုင်ထားလို့ရှိရင် ဂုဏ်ယူလေ့ရှိပါတယ်။ ရုပ်သံစတား ကင်မ်ကာဒီရှီယန်ဟာ ကြီးမားတဲ့ တင်ပါးတွေကြောင့် အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တောင်အာဖရိကမှာရှိတဲ့ အမျိုးသမီးတစ်ဦးကတော့ ကြီးမားတဲ့တင်ပါးတွေကြောင့် စိတ်ပျက်မိပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့အထိဖြစ်ခဲ့ရကြောင်း သိရပါတယ်။ 



အသက် (၅၀)နှစ် ရှိနေပြီဖြစ်တဲ့ လီရာတိုပစ်ဆိုဟာ ကြီးမားတဲ့ တင်ပါးကြောင့် အမြဲတမ်း နောက်ပြောင်ခံရပါတယ်။ အမျိုးသားတွေကလည်း အချစ်စစ်၊ အချစ်မှန်ထက် ကြီးမားတဲ့တင်ပါးကြောင့် ကာမကိုရယူဖို့သာ ကြိုးစားနေကြကြောင်း လီရာတိုပစ်က ဟြေကြားခဲ့ပါတယ်။ဈေးကွက်ရှာဖွေရေး ၀န်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ လီရာတိုပစ်က မိမိအနေဖြင့် အများရဲ့ ပြောဆိုမှုတွေကို မခံနိုင်တာကြောင့် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း၊ မိမိအနေဖြင့် ကောင်းမွန်သည့် ခံစားမှုကိုမရရှိဘူးလို့ ခံစားမိခဲ့ကြောင်း၊ အမျိုးသားတွေကလည်း အချစ်ထက် ကာမရယူဖို့သာ စဉ်းစားနေကြောင်း၊ မိမိဘယ်နေရာသွားသွား အတင်းပြောခံရကြောင်း၊ မိမိ၏ နောက်ကျောကို ဓာတ်ပုံ မကြာခဏ ရိုက်ခံရကြောင်း ဟြေကြားခဲ့ပါတယ်။ လီရာတိုပစ်မှာ ကလေးတစ်ယောက်ရှိပြီး အမျိုးသားတွေကိုသာမက အမျိုးသမီးတွေကိုပါ ကြောက်ရွံ့ရတယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန် (၂၆၆) ပေါင် ရှိတာကြောင့် လေ့ကျင့်ခန်းတွေပြုလုပ်ပြီး ၀ိတ်ချဖို့ကြိုးစားခဲ့ပေမယ့် တင်ပါးက အရင်အတိုင်း ကြီးနေဆဲဖြစ်ခဲ့ပါတယ်။

The Messenger

No comments