လက်ဆောင်ပေးရန် ရှိကြောင်းပြောပြီး အဓမ္မပြုကျင့်
ပြင်ဦးလွင်မြို့နယ်တွင် လက်ဆောင် ပစ္စည်းများ ပေးရန်ရှိကြောင်း ပြောဆိုပြီး ငါးကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။
ယခုလ (၁၀) ရက်နေ့ နံနက် (၁၀) အချိန်တွင် မ…….(၃၀) နှစ်သည် နေအိမ်တွင် ရှိနေစဉ် အိမ်နီးချင်း ဖြစ်သူဦး…… (၆၅) နှစ်က လက်ဆောင်ပစ္စည်းများ ပေးမည်ဖြစ်၍ အနီးစခန်းကျေးရွာ အုပ်စုဈေး ကုန်းစာကြည့်တိုက် အနီးသို့ လာရောက်ယူရန် ပြောဆိုသဖြင့် မ……မှာ လမ်းလျှောက်ထွက်ရာ မောင်….(၆၅) နှစ်မှာ ကားငယ်တစ်စီးနှင့် ရပ်စောင့်သည်ကို တွေ့ရှိခဲ့သည်။
ထိုစဉ် ဦး….(၆၅) နှစ်မှာ လက်ဆောင် ပစ္စည်းများမှာ ပြင်ဦးလွင် မြို့နယ် ရပ်ကွက်ကြီး (၉) ပွေးတောင် ကျေးရွာတွင် ရှိနေသည်ဖြစ်၍ လိုက်ခဲ့ရန် ပြောဆို ခေါ်ဆောင် သွားခဲ့သည်။ ပွေးတောင်ကျေးရွာသို့ ရောက်ရှိချိန်တွင် ယာဉ်အား ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်မောင်းနှင်၍ ပြင်ဦးလွင် ရပ်ကွက်ကြီး (၂) ရှိ ………..တည်းခိုခန်းသို့ ရောက်ရှိပြီး တည်းခိုခန်း အောက်ထပ် ယာဘက်ခြမ်းရှိ အခန်းတွင်းသို့ ဆွဲခေါ်၍ သား မယားအဖြစ် ငါးကြိမ် ပြုကျင့်ခဲ့ ပြီးနောက် မ….အား အဆိုပါကားဖြင့် အနီးစခန်းကျေးရွာ အောင်သပြေစား သောက်ဆိုင်ရှေ့သို့ ပြန်လည် လိုက်ပို့ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
ယခုလ (၁၄) ရက်နေ့တွင် ဦး….(၆၅) နှစ်အား မြို့မစခန်း (ပြင်ဦးလွင်) မှ (ပ)၁၈၁/ ၂၀၁၅၊ ပြစ်မှုပုဒ်မ (၃၇၆) အရ အမှုဖွင့်ပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသည်။
T.Y.D.N
The Messenger Media
http://www.messengerdaily.com

No comments