အခမဲ့ ကြော်ငြာ ကူညီပံ့ပိုးမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ Eleven Media Group ကို ကျေးဇူးတင်လိုက်တဲ့ ဘူးလက် ဦးလှဆွေ
FB ပေါ်က ကျနော်နဲ့ friend လုပ်ထားသူမိတ်ဆွေများခင်ဗျား မဲဆွယ်ကာလရောက်ရင် အောက်ပါပုံလို ကျနော့်ရဲ့လှုပ်ရှားမှု့များ ဝေဝေဆာဆာပါတဲ့ ဗွီနိုင်းလေး ဝေရင်ကောင်းမလားလို့ အကြံဥဏ်တောင်းခံတာပါ ဒါအခု ဝေဖန်နိုင်အောင်သာအစမ်းသဘောတင်ပြခြင်းပါ တချို့မကြိုက်တဲ့ပုံတွေ ပြန်လဲသင့်ရင် လဲထည့်ရဦးမှာလေ မိတ်ဆွေတို့အကြံဥဏ်ရယူပါရစေ
ကျနော့်နယ်မြေမှာတော့ အစမ်းသဘော လေးငါးချပ်လောက် ချိတ်လိုက်တာ တုန့်ပြန်မှု့က အရမ်းကောင်းပါတယ် ဗွီဒီယိုကြည့်နေရသလိုဘဲ တဲ့ ဒါပေမဲ့စိတ်တိုင်းမကျသေးပါဘူး တချို့ပုံတွေက ၂ ခါထပ်နေတယ် ပြန်ပြင်ရမှာပေါ့ ။ ဂန့်ဂေါဒီချုပ်ကတော့ ကျနော်လူကိုယ်တိုင်တောင်မသွားရသေးဘူး ဗွီနိုင်းလေးတချပ်ဘဲလွှတ်လိုက်တာနဲ့ တော်တော်တုန်လှုပ်ခြောက်ခြားနေတယ် ဗျာ ကန့်ကွက်ပါတယ်တဲ့ ကန့်ကွက်ရတဲ့အကြောင်းရင်းက သူတို့ခေါင်းဆောင်ပုံ ကို ခြေရင်းပို့ထားတာ ဒါသက်သက် ရည်ရွယ်ချက်ရှိရှိ နံနှိမ်တာ တဲ့ (ဘုန်းကြီးပုံနဲ့ပြည်သူတွေပုံဘဲ ထိတ်တင်ရမပေါ့ဗျာ မိန်းမဟာမိန်းမဘဲလေဗျာ နို့ ဘုန်းနိမ့်သွားမှာပေါ့ )မဲဆွယ်ကာလလည်းမရောက်သေးဘူးတဲ့ ကော်မရှင်ကိုတိုင်မယ်ဆိုပြီး "အလဲဗင်း" မှာဖေါ်ပြသတဲ့ ။ မဲဆွယ်ကာလမဟုတ်ဘဲ ဆွယ်လို့ အပြစ်ရှိကြောင်းထင်ရှားရင် ကျနော့်ကို ရွေးကောက်ပွဲဝင်ခွင့်ပိတ်တဲ့ပြစ်ဒဏ် ပေးစေလိုပါတယ် မဝင်ဘူးပေါ့ ဥပဒေအတိုင်းအတိအကျလုပ်ပါ ဘက်မလိုက်ရဘူးနော် ။ ကျနော်ကလူကိုယ်တိုင်သွားတာတောင်မဟုတ်သေးဘူး ဗွီနိုင်းလေးလွှတ်လိုက်တာ လူကိုယ်တိုင်က မဲဆွယ်ကာလရောက်မှ တီးဝိုင်းကြီးနဲ့ကိုလှည့် ဦးမှာ ။ အရေးယူမယ်ဆို ကြာသလားလို့ လာခဲ့ပါ တပြေးညီအရေးယူပါ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကျနော့်လို ဗွီနိုင်းချိတ်တာတောင်မဟုတ်ဘူး လူကိုယ်တိုင်ဆင်းပြီး လူထုတွေခေါ်စုစည်းပြီး မိုက်ကြီးနဲ့ အော်စီလန်တပ် ပြီး ရောက်ရာအရပ်မှာပြောနေတဲ့စကားက "လူကိုမကြည့်ကြပါနဲ့ ပါတီကိုကြည့် မဲထည့်ပေးပါ" ဆိုတာရယ် ကော့မှုးမှာ "ဇေကမ္ဘာကြီးကျွေးတာစား ပေးတာယူ မဲ တော့ဒီချုပ်ကိုထည့်" ဆိုတာရယ်တွေကတော့ မဲဆွယ်တာမဟုတ်ဘူး ပေါ့ ပြည်သူလူထုကို လိုအပ်သည်များအမှာစကားပြောကြားခြင်း လို့ခေါ်မှာလား တပြေးညီအရေးယူနော် ဘက်မလိုက်ရဘူး သူ့ကျ တော့ ကြည်း ၀၀၁ ဗိုလ်ချု ပ်ဆောင်ဆန်းသမီး မို့ခွင့်လွှတ်တယ် ကျနော့်ကျ တော့ ကြည်း ၇၆၇၀ ဗိုလ်ကြီးဘိုးသာ သား မို့ အရေးယူတယ်ဆိုရင် တရားပါ့မလား ဒါတောင်ကျနော်က ဗွီနိုင်းလေးတချပ်ဘဲ လွှတ်လိုက်သေးတာနော် လူကိုယ်တိုင်ဆင်းပြီး လူထုစည်းရုံးဟောပြောပွဲကြီးများ မလုပ်သေးပါဘူး သပ်မှတ်စည်းရုံးရေးကာလမှမရောက်သေးတာ သူတို့ကဲသို့ ဘာကော်မရှင်မှဂရုမစိုက် ဗြောင်ကျကျချိုးဖေါက်နေတာမဟုတ်ဘူး ဟုတ်တယ်ဆို နှစ်ယောက်စလုံးအရေးယူပါ ။ မဲဆွယ်ကာလမတိုင်မှီမှာ ဒေါ်အောင်ဆန်းစုကြည် က လူထုစည်းဝေးပွဲ လုပ်လို့ ဦးလှဆွေက ဗွီနိုင်းတစ်ချပ်ချိတ်လို့ ။အဲဒီပြစ်မှု့များကျူးလွန်ကြောင်း ထင်ရှားပါသဖြင့် ၎င်းတို့နှစ်ဦးအား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်သည်။
ပုံ တင်အေး
ဆိုပြီးလုပ်ပါ ကိုယ်လုပ်တာကိုယ် ခံရဲရမှာပေါ့ တစ်ယောက်ထဲတော့ ကွက်ကြားမိုးလာမရွာနဲ့ ဆောရီးဘဲ ။ဦးလှဆွေကို ထွေရာလေးပါးလာမပြောနဲ့ ဒဲ့ ဆော်မှာ ။ ခုလည်း FB ပေါ်က friend ဖြစ်နေတဲ့ မိတ်ဆွေများကိုသာဝေဖန်အကြံဥဏ်တောင်းတာနော် ကြားထဲကမဆိုင်တဲ့သူတွေ ဝင်မန့်စရာ ကြည့်စရာမလိုပါဘူး မဲဆွယ်နေတာမဟုတ်ဘူး ။ ဒါပါဘဲ အော် ဒါနဲ့ စကာ့းမစပ် အခုလို ကျယ်ကျယ်ပျံ့ပျံ့လူသိများကျော်ကြားလာအောင် အခမဲ့ကြော်ငြာ ကူညီပံ့ပိုးမဲဆွယ်ပေးခဲ့ကြပါသော အလဲဗင်းမီဒီယာဂရုမှ စီအီးအိုနှင့်တကွ အယ်ချုပ် ပရုဖတ် စာစီစာရိုက် တံမြက်စီးလှဲ တခါးပေါက်စောင့်ပါမကျန် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ နောင်ကိုလည်း အလျဉ်းသင့်သလို အခမဲ့ ကြော်ငြာ၍ကူညီပေးစေလိုကြောင်း ဖေါ်ပြအပ်ပါတယ် ဗျာတို့ရေ ဟရောင် စကင်းအောင်းးး move

Hla Swe

No comments