Breaking News

HIV ပိုးရှိသူများ စောစီးစွာကုသမှုခံယူခြင်းက အကျိုးရှိနိုင်


HIV ရောဂါပိုးရှိသူများတွင် AIDS ရောဂါလက္ခဏာများ စတင်ပြသခြင်းမပြုမီ (သို့) သွေးဖြူဥဆဲလ်အရေအတွက် သတ်မှတ်ထားသည့် ပမာဏအောက် ကျဆင်းခြင်းမပြုမီ ကုသမှုခံယူခြင်းက ဗှီုS နှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားခြင်းနှင့် သေဆုံးခြင်းကို သိသာစွာ နှောင့်နှေးစေသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင်မူ ရောဂါလက္ခဏာမပြသေးသည့် လူနာအား မည်သည့်အချိန်တွင် စတင် ကုသမှုခံယူရမည်ဆိုသည့် အချက်မှာ ရှင်းလင်းမှုမရှိသေးပေ။ ထို့အပြင် AIDS ရောဂါအတွက် ဗျွဠ ဆေးများ စောစီးစွာ အသုံးပြုပါက လူနာတွင် နှလုံးနှင့်ကျောက်ကပ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်ဆိုသော စိုးရိမ်မှုများလည်း ရှိသည်။ CD 4 သွေးဖြူဥဆဲလ်အရေအတွက် တစ်ကုဗမီလီမီတာတွင် ၃၅၀ အထက်ရှိနေချိန်၌ လူနာအား ကုသမှု စတင်ခံယူစေရမည့် အချိန်နှင့်ပတ်သက်၍ ဆယ်စုနှစ် ၂ ခုကျော် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။

ယခုလေ့လာမှုတွင် HIV ရောဂါ ပိုးရှိသူ ၄၆၈၅ ဦးအား ပျမ်းမျှ ၃ နှစ် ကြာမှ စောင့်ကြည့်ခဲ့ကြသည်။ ၎င်းတို့မှ ထက်ဝက်မှာ CD 4 ပမာဏ ၅၀၀ အထက်ရှိနေချိန်တွင် ARV ဆေးဖြင့် ကုသမှု ချက်ချင်းစတင်စေ ပြီး အခြားသူများကို CD 4 ပမာဏ ၃၅၀ အောက်ရောက်မှ ကုသမှုခံယူစေခဲ့သည်။ ရလဒ်မှာ သိသာစွာကွာခြားခဲ့သဖြင့် စမ်းသပ်မှုကို သတ်မှတ်ချိန် မတိုင်မီ ရပ်ဆိုင်းကာ လူနာအားလုံးကို ARV ဆေးဖြင့် ကုသမှုခံယူစေခဲ့သည်။ ကုသမှု စောစီးစွာခံယူခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုး မှာ ပြဿနာတစ်ရပ်မဟုတ်ဟု ဆို သည်။ လေ့လာမှုအရ စောစီးစွာ ကုသမှုခံယူခြင်းကြောင့် နှလုံးနှင့်ကျောက် ကပ်ရောဂါဖြစ်ပွားနိုင်ခြေ သိသာစွာ တိုးလာခြင်းမရှိဟု ဆိုသည်။ စောစီး စွာ ကုသမှုခံယူသူများမှာ တီဘီ၊ AIDS နှင့် ဆက်စပ်သော ကင်ဆာများ ဖြစ်ပွားနိုင်ခြေ လျော့နည်းသည်ဟု ဆိုသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments