Breaking News

တရုတ်နိုင်ငံရှိ KFC က ပန်းရောင်၊ အနက်ရောင် အသားညှပ် ပေါင်မုန့် များ စတင်ရောင်းချ

တရုတ်နိုင်ငံရှိ KFC ဟာ အရောင်းကျဆင်းလာမှုကို ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး သူ့ရဲ့ စွဲဆောင်မှုအပြည့်နဲ့ မျက်စိကျစရာ ပန်းရောင်နဲ့ အနက်ရောင်ရှိတဲ့  အသားညှပ် ပေါင်မုန့်  အသစ်တွေကို ဖန်တီးရောင်းချနေပါတယ်။

အသင့်စား စားသောက်ဆိုင်ဟာ “Rose Cheese Chicken Leg Burger” လို့ခေါ်တဲ့ ပန်းရောင်နုနု ပေါင်မုန့်နဲ့ "Black Diamond Bacon Spicy Chicken Leg Burger” လို့ ခေါ်တဲ့ အနက်ရောင်ပေါင်မုန့်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။


Los Angeles မှ KABC-TV က တရုတ်နိုင်ငံက KFC ဟာ ၁၀ရာခိုင်နှုန်းခန့် အရောင်းကျဆင်းနေတာကြောင့် အရောင်းမြှင့်တင်မှုပြုလုပ်ပြီး စီးပွားရေးအခြေအနေ တိုးတက်လာအောင် ကြိုးပမ်းနေတာဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။

တရုတ်သတင်းဝက်ဘ်ဆိုဒ် The Nagfang ကတော့ ဒါဟာ KFC ရဲ့ ပထမဆုံးအကြိမ်မဟုတ်ကြောင်း မြောက်အမေရိကရဲ့ အဓိကမီနူးတစ်ခုဖြစ်ပြီး ၀ယ်ယူစားသုံးသူဖောက်သည်တွေအတွက် အထူးသီးသန့် အစားအသောက်တွေအဖြစ် စီမံထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အရင်က KFC စားသောက်ဆိုင်ဟာ ဆန်မုန့်အနှစ်နဲ့ မက္ကဆီကန်ပြောင်းဖူးကိတ်မုန့်ကို ထုတ်ပိုးပြီးလည်း ရောင်းချခဲ့ဖူးပါတယ်။

( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

No comments