Breaking News

Vorgue မဂ္ဂဇင်းမျက်နှာဖုံးမှာ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို လှစ်ဟပြခဲ့တဲ့ Beyonce






  Beyonce ဟာ အရင်ကလည်း လူတိုင်းပါးစပ်အဟောင်းသားဖြစ်စေလောက်တဲ့ မျက်နှာဖုံးဓာတ်ပုံတွေ ရိုက်ကူးခဲ့ဖူးပါတယ်။ အခုတစ်ခေါက်မှာတော့ Beyonce ဟာ အရင်ပုံတွေအားလုံးထက်သာတဲ့ ပုံတွေနဲ့ စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းမျက်နှာဖုံး ထက်မှာ နေရာယူလိုက်ပါတယ်။


ဘုရင်မလေး B လို့တင်စားခေါ်ဝေါ်ကြတဲ့ Beyonce ဟာ ရေစိုဆံပင်နဲ့ တင်သား၊ရင်သားအလှကို လှစ်ဟပြထားတာကို မဂ္ဂဇင်းအတွင်းပိုင်းဓာတ်ပုံတွေမှာ တွေ့ မြင်ရပါတယ်။ ဓာတ်ပုံတစ်ခုမှာ သူမဟာ ကင်မရာကို ကျောပေးရပ်နေပြီး ချပ်ရပ်ကပ်နေတဲ့ ဘောင်ကွက်ပုံစံဝတ်စုံဝတ်ဆင်ကြောင့် အောက်ခံဘောင်းဘီမ၀တ်ဆင်ထားတာကိုပါ တွေ့ မြင်နိုင်ပါတယ်။

နောက်တစ်ပုံမှာလည်း Beyonce ဟာ အောက်မှာခွဲထားတဲ့ အနက်ရောင်ဂါဝန်နဲ့ ရင်ကြားအလှကို အရင်ပုံတွေထက် ပိုဖော်ထားတာကို တွေ့ မြင်ရမှာပါ။ ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့ ပန်းရောင်ဂါဝန်နဲ့ Beyonce ပုံဘေးမှာ “ Just B – Beyonce နဲ့ တစ်ကမ္ဘာလုံးလွှမ်းမိုးတဲ့အနုပညာ’ လို့ ရေးသားထားပါတယ်။

စက်တင်ဘာလထုတ် Vogue မဂ္ဂဇင်းဟာ ဒီနှစ်အတွင်းမှာ စာမျက်နှာအများဆုံးနဲ့ ကြော်ငြာအများဆုံးပါဝင်တဲ့ Vogue မဂ္ဂဇင်း ဖြစ်တယ်လို့ ဆိုပြီး စာဖတ်ပရိသတ်တွေဟာ ဘယ် အနုပညာကြယ်ပွင့်က မျက်နှာဖုံးပိုင်ရှင်ဖြစ်မလဲဆိုတာ အမြဲ စိတ်ဝင်တစားစောင့်မျှော်ခဲ့ကြရပါတယ်။


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

No comments