Breaking News

ဖရဲသီးကို မူလပုံစံမပျက် ခွဲပြခြင်း




ဖရဲသီးဆိုတာ အစိတ်လိုက်ခွဲပြီး စားသုံးရတာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရတာကတော့ ဖရဲသီးကို အခွံချွတ်ပြီး အလုံးလိုက် ခွာပြနေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒါပာာ လှည့်ကွက်တစ်ခုသာ ဖြစ်ပါတယ်။ ဖရဲသီးကို အခွံချွတ်ပြီး အလုံးလိုက် ခွဲပြတဲ့ပုံစံ တမင်ဖန်တီးယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပြကွက်မျိုးကို ပါတီပွဲတွေမှာ ပြသနိုင်အောင်၊ တစ်နည်းအားဖြင့် ပျော်ရွှင်မှုရအောင် ပြုလုပ်ပေးနိုင်ပါတယ်။

မာ့ခ်ရိုဘာပာာ ဗီဒီယိုရိုက်ကူးပြီး ဖရဲသီးကို ဆန်းဆန်းပြားပြား ဖြစ်အောင် ဘယ်လိုခွဲပြသလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ အရွယ်တူ ဖရဲသီးနှစ်လုံးကို ၀ယ်ယူပြီး မျက်စိလည်သွားအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပထမဖရဲသီးကို အခွံတွေ နွှာပြီး ပြောင်ချောသွားအောင် ရေနဲ့ဆေးကြောရမှာ ဖြစ်ပါတယ်။ ဒီနောက် ဒုတိယ ဖရဲသီးကို ထက်ခြမ်း ပိုင်းခွဲပြီး အထဲကအစာတွေကို ခြစ်ထုတ်ရမှာ ဖြစ်ပါတယ်။ ပြောင်စင်အောင် ခြစ်ထုတ်ပြီးနောက် ပထမ ဖရဲသီးကို ထပ်ပိုင်းခွဲထားတဲ့ အခွံ နှစ်ပိုင်းထဲ ထည့်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထားခြင်းကြောင့် ဖရဲသီးပာာ မူလပုံစံမပျက် အတိုင်း ရှိနေမှာ ဖြစ်ပါတယ်။ ဒီနောက် ရေခဲသေတ်္တာထဲ ထည့်ကာ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ ပါတီပွဲ အခမ်းအနားတွေမျိုးမှာ ဖရဲသီးကို ဓားနဲ့ဟန်ပါပါ လှီးထုတ်ပြရင်း အခွံနှစ်ခြမ်းကွဲသွားတဲ့ မူလပုံစံမပျက်အတိုင်း ရရှိမှာ ဖြစ်ပါတယ်။ အရွယ်တူ မည်သည့်ဖရဲသီးမဆို လုပ်နိုင်ကြောင်း သိရပါတယ်။

No comments