Breaking News

အာဖရိကမှာ သန်းကြွယ်သူဌေး အများဆုံးနိုင်ငံ တောင်အာဖရိက

      အာဖရိကတိုက်တွင် သန်းကြွယ်သူဌေး အများဆုံးနိုင်ငံမှာ တောင်အာဖရိက ဖြစ်ကြောင်း အစီရင်ခံစာ တစ်ရပ်က ဖော်ပြသည်။ အာဖရိက တစ်တိုက်လုံးရှိ သန်းကြွယ်သူဌေး (၃၀) ရာခိုင်နှုန်းသည် တောင်အာဖရိက နိုင်ငံတွင် ရှိနေသည်။ တောင်အာဖရိက စီးပွားရေးမြို့တော် ဂျိုဟန်နစ်္စဘာ့ဂ်ျ  တစ်မြို့တည်းမှာပင် သန်းကြွယ်သူဌေး (၂၃၄၀၀) ဦး နေထိုင်သည်။ အစီရင်ခံစာကို Afr Asia ဘဏ်နှင့် New World Wealth ဈေးကွက် သုတေသန လုပ်ငန်းတို့ ပူးပေါင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
      အီဂျစ်မြို့တော် ကိုင်ရိုက သန်းကြွယ်သူဌေး (၁၀၂၀၀) ဦးဖြင့် ဒုတိယနေရာတွင် ရပ်တည်သည်။ နိုင်ဂျီးရီးယား စီးပွားရေး မြို့တော် လာဂို့စ်က (၉၁၀၀) ဦးဖြင့် တတိယ ရပ်တည်သည်။ တောင်အာဖရိကမှ ကိပ်တောင်းမြို့က (၈၉၀၀) ဦး၊ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက (၆၂၀၀) ဦးဖြင့် စဉ်လိုက် ရပ်တည်သည်။
      ဒေါ်လာ တစ်သန်းနှင့်အထက် ချမ်းသာကြွယ်ဝသူများကို သန်းကြွယ်သူဌေး အဖြစ် သတ်မှတ် စာရင်း ကောက်ထားသည်။
      အာဖရိကတွင် သန်းကြွယ်သူဌေးပေါင်း (၁၆၃၀၀၀) ဦး ရှိနိုင်ပြီး ထိုသူများ စုပေါင်းပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ (၆၇၀) ဘီလီယံဝန်းကျင် ရှိနိုင်ကြောင်း အစီရင်ခံစာက ခန့်မှန်းထားသည်။
      သန်းကြွယ်သူဌေး အမြန်ဆုံး တိုးပွားနေသည့် နေရာကား ဂါနာနိုင်ငံ မြို့တော် အကာရာဖြစ်သည်။ တိုးနှုန်းအလွန် မြန်နေသော်လည်း လက်ရှိတွင် သန်းကြွယ် သူဌေးဦးရေ (၂၃၀၀) သာ ရှိသေးရာ အာဖရိက ထိပ်ဆုံးငါးနိုင်ငံထဲ ၀င်နိုင်ဖို့တော့ တော်တော် လိုနေသေးသည်။

Source: Reuters
messengernewsjournal

No comments