Breaking News

မသန်စွမ်းတစ်ဦးရဲ့ သမီးအပေါ်ထားတဲ့ မေတ္တာ

      အင်္ဂလန်နိုင်ငံ ယော့ခ်ရိုင်းယား ဒေသမှာ နေထိုင်တဲ့ အသက်(၄၆)နှစ်အရွယ် ရစ်ချတ်ဝီလစ်ဟာ ထူးခြားတဲ့ ရောဂါကြောင့် အရပ်(၃ပေ ၊၈) လက်မသာ ရှိပါတယ်။ သူဟာ Diastrophic လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့် အရိုးအဆစ်တွေ ကြီးထွားခြင်း မရှိတော့ဘဲ အားငယ်စွာ နေထိုင်နေရပါတယ်။ ဒါပေမဲ့ ရစ်ချတ်ဝီလစ်ဟာ ဘ၀ကို အရှုံးမပေးဘဲ ရှင်သန်အောင် နေထိုင်ခဲ့ပါတယ်။ ခွဲစိတ်မှု အကြိမ်ကြိမ် ပြုလုပ်ပြီး အသက်ရှင်သန် နေရတာ ဖြစ်ပါတယ်။ ရစ်ချတ်ဝီလစ်ဟာ ကံကောင်းထောက်မစွာ ချစ်သူရခဲ့ပြီး အိမ်ထောင်ပြုပြီးတဲ့နောက် ကလေးတစ်ဦး ရခဲ့ပါတယ်။
      သူတို့သားအဖရဲ့ ချစ်ခြင်းမေတ္တာဟာ လေးစားစရာ ဖြစ်ခဲ့ပါတယ်။ ရစ်ချတ်ဝီလစ်ဟာ သမီးလေး စတင်မွေးဖွားတဲ့ ၂၀၁၁ တုန်းက ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် နီးလျက်နဲ့ အနေဝေးခဲ့ရပါတယ်။ ထိုစဉ်က ရစ်ချတ်ဝီလစ်ဟာ သမီးဖြစ်သူကို ထွေးပိုက်ချင်ပေမယ့်  နေခွင့်မရခဲ့တာကြောင့် ၀မ်းနည်းမဆုံး ဖြစ်ခဲ့ပါတယ်။ ရစ်ချတ်ဝီလစ်ဟာ သမီးဖြစ်သူမွေးပြီးနောက် ခံယူချက်တွေကို ပြောင်းလဲခဲ့ပြီး ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရစ်ချတ်ဝီလစ်ဟာ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိပေမယ့်  သမီးဖြစ်သူကို  အကောင်းဆုံး စောင့်ရှောက် ပေးနေတာကြောင့် လေးစားစရာ ဖြစ်ခဲ့ပါတယ်။

messengernewsjournal

No comments