Breaking News

မိန်းကလေးများရဲ့ ပေါင် ၂ လုံးကြားကြည့်ပြီး မိန်းမ ပီသမှု ရှိ မရှိ စမ်းသပ်နည်း

ဒီစမ်းသပ်နည်းက ၂၀၁၃ မှာ အင်တာနက်မှာ ခေတ်စားခဲ့တဲ့ စမ်းသပ်နည်းဖြစ်ပါတယ်။ မနေ့က ဖြော်ပပေးခဲ့တဲ့ တရုတ်ပြည်မှာ ခေတ်စားနေတဲ့ရုပ်ချော၊မချော စမ်းသပ်နည်းကို ပြောရင်း သတိရသွားလို့ ဒီနေ့ မိန်းမ ပီသမှု ရှိမရှိ ဘယ်လို စမ်းသပ်ရမလဲ ကြည့်ရအောင်နော်။


အဲဒီစမ်းသပ်နည်းကိုတော့ Thigh Gap လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ပေါင်တစ်ခုနဲ့ တစ်ခုကြားက အကွာအဝေးကို ကြည့်ပြီး စွဲဆောင်မှု ရှိမရှိ စမ်းသပ်နည်းလို့ ပြောရမှာပေါ့။ > ပေါင်နှစ်လုံးကြား ကွာဟနေတာကို တိုင်းတာတဲ့။ ပုံမှာ ပြထားတဲ့အတိုင်း မတ်တတ်ရပ် ခြေဆန့်ပြီး၊ ဒူးချင်း ထိထားချိန်မှာ ပေါင်အတွင်း နှစ်ဖက်က ကွာဟနေတာကို ကြည့်ပါတယ်။ ပေါင်အတွင်းသားတွေ ထိနေရင် ဆွဲဆောင်မှုနည်းတယ်လို့ သတ်မှတ်ပြီး ကွာနေရင်တော့ Femininity မိန်းမပီသတယ်၊ Fragility ကွဲကျေလွယ်တယ်လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။

ပေါင်နှစ်ဖက်ကြားက အကွာအဝေးကျယ်လေ စွဲဆောင်မှု ရှိလေ၊ ကိုယ်လုံးလှလေ လို့ပြောကြပြီး သူမကို ချောတယ်၊ စွဲဆောင်နိုင်တဲ့ ကိုယ်လုံးရှိတယ်လို့ ပြောနိုင်ပါတယ်။ ပေါင်အတွင်းသားတွေ ထိနေရင်တော့ အဆီပိုတွေ ရှိနေပြီး ကြည့်မကောင်းဘူးလို့ ပြောနိုင်ပါတယ်။

အလှမယ် ပြိုင်ပွဲတွေမှာ ဘာကြောင့် ဘီကနီဝတ်ပြီး ပြိုင်ရလဲ လို့ ပြောရင် အခုပြောပြခဲ့တဲ့ Thigh Gap ကိုကြည့်ပြီး ဘယ်လောက် မိန်းမပီပီ စွဲဆောင်မှု ရှိမရှိ သိဖို့အတွက် ဖြစ်မယ်လို့ ယူဆမိပါတယ်။


World-Myanmar News

No comments