အချစ်ဟောင်းနဲ့ ဖောက်ပြန်တဲ့ ချစ်သူရဲ့လိင်အင်္ဂါအား လောင်ကျွမ်းအောင်လုပ်သူ အမျိုးသမီး
သြစတြေးလျနိုင်ငံက အမျိုးသမီး တစ်ဦးဟာ အချစ်ကို လှည့်ဖြားခဲ့တဲ့ ချစ်သူဖြစ်သူရဲ့ လိင်အင်္ဂါအား ဆံပင်ဖြောင့်စက် မီးအပူနဲ့ လောင်ကျွမ်းအောင် ပြုလုပ်ခဲ့တာကြောင့် ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ အသက် (၂၂) နှစ် အရွယ်ရှိ ပါကားပာာ သူ့အပေါ် ဖောက်ပြန်ခဲ့တဲ့ ချစ်သူဖြစ်သူကို ဒေါသထွက်ခဲ့တာကြောင့် အပြစ်ပေးတဲ့အနေနဲ့ ဒီလိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ထူးခြားတာက ပါကားရဲ့ အပြုအမူကို ချစ်သူဖြစ်သူ ယောက်ျားလေးက လက်ခံ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။ ပါကားရဲ့ချစ်သူဟာ အရင်ချစ်သူဟောင်းနဲ့ ဖောက်ပြန်ခဲ့တာဖြစ်ပြီး သူ့ကိုကြိုက်တဲ့ အပြစ်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ပါကားဟာ လိင်အင်္ဂါကို လောင်ကျွမ်းသွားအောင် ပြုလုပ်တဲ့အနေနဲ့ ဆံပင်ဖြောင့်စက်နဲ့ အပူပေးခဲ့ခြင်း ဖြစ်တယ်လို့ သည်မေရာ သတင်းမှာ ရေးသားဖော်ပြ ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို သြစတြေးလျနိုင်ငံ တောင်ပိုင်း၊ မွန့်ဘာကာ တရားရုံးမှာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားသူကြီး မူစကက်က ပါကားဟာ ချစ်သူဖြစ်သူရဲ့ သဘောတူညီချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုဖြစ်ရပ်ကို ပါကားချစ်သူအား သေချာ မေးမြန်းခဲ့ကြောင်း၊ ချစ်သူဟောင်းနဲ့ နှစ်ညအိပ်စက်ခဲ့ပြီး အပြစ်ပေးဖို့ ကိုယ်တိုင်တောင်းဆိုခဲ့ကြောင်း၊ မည်သို့ပင် ဖြစ်စေ ယင်းမှာရာဇ၀တ်မှုသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကို ပါကားကိုယ်တိုင်ကလည်း အပြစ်ရှိကြောင်း ၀န်ခံထွက်ဆိုပြီး သက်သာခွင့်ပေးရန် တောင်းဆိုခဲ့ပါတယ်။ တရားရုံးက ပါကားကို ဆိုင်းငံ့ပြစ်ဒဏ် ကိုးလချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပါကားရဲ့ချစ်သူဟာ လိင်အင်္ဂါမှာ ဒဏ်ရာ ရသွားပေမယ့် ရှက်လွန်းတာကြောင့် ဆေးခန်းကို သွားရောက်ပြသခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
The Messenger

No comments