Breaking News

နိုင်ငံတကာ အမျိုးသမီးများ ဘရာစီယာ မ၀တ်ရနေ့ အောက်တိုဘာ ၁၃ ရက်


အောက်တိုဘာ ၁၃ ရက်ကို အမျိုးသမီးများ ၂၄ နာရီ ဘရာမဝတ်ရန် လှုံ့ဆော်သည့် အနေဖြင့် No Bra Day ဟု သတ်မှတ်ခဲ့ကြသည်။ No Bra Day ဟု သတ်မှတ်ရာတွင် အမျိုးသမီများအတွက် (Breast Reconstruction Awareness Day) ရင်သားပြန်လည် တည်ဆောက်ပေးခြင်း အသိပေး လှုံဆော်ခြင်းဖြစ်ပြီး ရင်သားကင်ဆာဖြစ်ကာ ရင်သားတစ်ခုလုံး ခွဲထုတ်လိုက်ရသူများ အတွက် အမြင်တင့်တယ်စေရန် ရင်သားတုများ ပြုလုပ်ပေးကြရသည်။

၂၀၁၁ခုနှစ်က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ ပလပ်စတစ်ဆာဂျင် ဒေါက်တာမစ်ချယ်ဘရောင်းက အောက်တိုဘာ ၁၃ ရက်သည် No Bra Dayဟု စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

No comments