Breaking News

အချစ်ရေးနဲ့ ပတ်သက်ရင် ပွင့်လင်းခဲ့တဲ့ သန္တာဗိုလ်



အဆိုပိုင်းနဲ့ မော်ဒယ်ပိုင်းကိုသာ ဦးစားပေး လုပ်ဆောင်မယ်ဆိုတဲ့ သန္တာဗိုလ်က အချစ်ရေးနဲ့ ပတ်သက်လာရင် ပွင့်လင်းစွာ ပြောသွားမယ်လို့ ပြောပါတယ်။ “ညီမကတော့ သူ့ဘက်က ပွင့်လင်းတော့ ညီမဘက်ကလည်း ပွင့်လင်းတယ်လေ။ ကြားထဲမှာတော့ သ၀န်တိုမှုတွေတော့ ရှိတာပေါ့နော်။ မယုံကြည်မှုတွေကတော့ အနုပညာ အသိုက်အ၀န်းမှာ ပိုများတာပေါ့။ သ၀န်တိုစရာ တွေကလည်း ပိုများတော့ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ နားလည်မှုက ရပြီးသားဆိုတော့ တစ်ခါတလေ နားလည်ပေးသလို တစ်ခါတလေတော့ နားလည်မပေးဘူး။ ကိုယ်တိုင်လည်း အဲဒီလိုဖြစ်နေတယ်။ စိတ်ဆိုးရင်တော့ အတူတူချော့ကြတယ်။ တစ်ခါတလေ Facebook မှာ တင်လိုက်လို့ ရန်ဖြစ်တာတော့ မရှိပါဘူး။ အဲဒီလိုတင်တာကိုလည်း ရန်ရှာတာလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမဆိုရင် အနုပညာလုပ်တော့ မင်းသားတွေနဲ့ ရိုက်ရတာ ရှိတယ်။ သူဆိုရင်လည်း ဇာတ်ကား ရိုက်နေတော့ မင်းသမီး ပေါင်းစုံနဲ့လည်း တွဲပြီးရိုက်ရတယ်လေ။ ညီမတို့အတွက်က သ၀န်တိုဖို့ ပိုများတယ်ပေါ့နော်။ တခြားအလုပ်တွေကျတော့ အဲဒီလို နည်းတယ်လေ။ တစ်ခါတလေမှ ဖြစ်ကြတယ်။ ညီမတို့ကျတော့ ဖြစ်ဖို့ပိုများတယ်”လို့ ပြောပြခဲ့ပါတယ်။ သန္တာဗိုလ်က လက်ရှိမှာ “နားလည်ပေးပါကို”MTV အမြန်ဆုံး ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောသွားခဲ့ပါတယ်။


The Messenger

No comments