မြင့်မြတ် ပုံစံပြောင်းနေပြီ
“၀ိဉာဉ်စိမ်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ သရုပ်ဆောင် မြင့်မြတ်က ပုံစံတွေပြောင်းပြီး ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
““ကျွန်တော် ရိုက်လာတဲ့ ကားတွေမှာလည်း အက်ရှင်ကားတွေနည်းလို့ နောက်ပိုင်းမှာ အဲဒီဘက်ကို ပြန်ဖြစ်လာတယ် ပေါ့နော်။ ပုံစံလေးလည်း တစ်မျိုးပြောင်းသွားအောင်လို့ ကြိုးစားပြီး ရိုက်ကြည့်တာပါ။ အဓိကတော့ ဘယ်လိုဇာတ်ကားမျိုးပဲ ဖြစ်ဖြစ်ပေါ့။ ဇာတ်လမ်း ကောင်းဖို့တော့ လိုတယ်။ ပရိသတ်တွေရဲ့အမြင်လည်း အီမသွားအောင်၊ ရိုးမသွားအောင် ပုံစံတစ်မျိုးပြီးတစ်မျိုး ဇာတ်လမ်း ကောင်းကောင်းလေးတွေ ရွေးပြီး ရိုက်ကူးဖြစ်တာပါ။ ကျွန်တော့် အတွက်လည်း ပရိသတ်တွေ့နေကျ ကားမျိုးမဖြစ်အောင် လို့ပါ။ ဒါပေမဲ့ ပရိသတ်ကို ကြိုက်ပါစေလို့တော့ ရယ်လို့ မရည်ရွယ်ပါဘူး။ ကျွန်တော်တို့ တင်ဆက်နေတဲ့ အနုပညာတိုင်းကို ပုံစံလေးတွေ ပြောင်းပြောင်းပြီး ရိုက်တာပါ”” လို့ မြင့်မြတ်က ပြောပါတယ်။
သရုပ်ဆောင် မြင့်မြတ်ဟာ ခိုင်းနှင်းဝေ ပရဟိတ လူငယ်များအဖွဲ့နှင့် ရှင်သန်ရေး ကူညီမှုအသင်းတို့ ပူးပေါင်း တင်ဆက်ခဲ့တဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာဖျော်ဖြေပွဲမှာ သီချင်းနှစ်ပုဒ် သီဆိုခဲ့ကြောင်း သိရပါတယ်။
No comments