Breaking News

ဖက်ရှင်လန်းတာကို အမြင်ရှင်းစေချင်တဲ့ ၀ါဆိုမိုးဦး




နယ်ပွဲတွေမှာ သီချင်းအဆိုများနေတဲ့ ၀ါဆိုမိုးဦးက ဖက်ရှင်အလန်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဖက်ရှင်အမြင်နဲ့သာ ကြည့်ပေးပါလို့ ပြောသွားခဲ့ပါတယ်။

“၀ါဆို အခုဝတ်ဖြစ် နေတာလည်း ၀ါဆိုနဲ့လိုက်မယ့် ဖက်ရှင်တွေ များပါတယ်။ ခေတ်မီပြီး ဖက်ရှင်ရေစီးကြောင်းနဲ့ လိုက်ဖက်တာတွေကို ၀တ်ဖြစ်ပါတယ်။ ပြီးတော့ သူ့နေရာနဲ့သူ လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကို ၀တ်ဖြစ်ပါတယ်။ ပွဲတက်ဆို ပွဲတက်၊ Free Style ဆိုလည်း Free Style ပေါ့နော်။ ကာလာဆိုရင် ၀ါဆိုက အဖြူ၊ အမည်း ကြိုက်တယ်။ ၀ါဆိုဆီမှာလည်း အဖြူ၊ အမည်းတွေများတယ်။ စင်ပေါ်မှာ ပါမောမန့် လုပ်မယ်ဆိုရင်တော့ ခရေစီကာလာတွေ ၀တ်တယ်။ ဖက်ရှင်ဆန်းတွေလည်း ထွင်လာပြီ။ ၀ါဆိုကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောရရင် အ၀တ်အစားကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ ကာရိုက်တာကို ပြောလို့မရပါဘူး။ အဲဒီလိုလည်း မဆုံးဖြတ်ပါနဲ့။ လူတိုင်းက လှချင်ကြတယ်။ မိန်းကလေးဆိုရင် ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ကြတယ်။ အဲဒါကိုလည်း ဖက်ရှင်အမြင်ပဲ မြင်စေချင်ပါတယ်။ ခေတ်ရေစီးကြောင်း အလိုက် ဖက်ရှင်က ပြောင်းလဲနေတာဆိုတော့ ခေတ်အမြင် ဖက်ရှင်အမြင်နဲ့ပဲ ကြည့်စေချင်ပါတယ်။ ဝေဖန်မှုကိုလည်း လက်ခံတယ်။ အနုပညာရှင် ဆိုတာကလည်း ပရိသတ် အမြင်ဆန်းစေဖို့ ဖက်ရှင်ကိုလည်း ကြိုးစားပြီး လုပ်ကြတယ်။ ဒါကလည်း ပရိသတ်အပေါ်ထားတဲ့ စေတနာပါ။ ဝေဖန်ပါ၊ အကြံပေးပါ။ ဒါပေမဲ့ တချို့အရာတွေကိုတော့ ဖက်ရှင်အမြင်ပဲ မြင်ပေးပါလို့ ၀ါဆိုက တောင်းဆိုချင်ပါတယ်လို့ ပြောပြပါတယ်။ ၀ါဆိုမိုးဦးက တစ်ကိုယ်တော် တေးစီးရီးကို အမြန်ဆုံး ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပြသွားပါသေးတယ်။

The Messenger

No comments