အွန်လိုင်းပေါ် မတင်သင့်တဲ့ အကြောင်းအရာများ(Facebook သုံးသူတွေ ဖတ်သင့်ပါတယ်)
မိမိအချစ်ဆုံးသူငယ်ချင်းနဲ့ ငြင်းခုံမှုစကားများ
ကိုယ့်အချစ်ဆုံး၊ အခင်မင်ဆုံးသူငယ်ချင်းနဲ့ ရန်ဖြစ်စကားများတဲ့အကြောင်း အွန်လိုင်းပေါ် ဘယ်တော့မှာ ရင်မဖွင့်ပါနဲ့။ တစ်ခုခုရေးတင်လိုက်ခြင်းဖြင့် ခင်မင်မှု ပျက်ပြားစေကာ နောက်ပိုင်းမှာ နောင်တရနိုင်မယ့် အလားအလာတွေရှိပါတယ်။
မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်မှု အသေးစိတ်အကြောင်းအရာများ
မိမိချစ်သူစုံတွဲဘဝ အခြေအနေ အမြဲပြောင်းလဲနေတာ သို့မဟုတ် မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်စကားများခဲ့သမျှအကြောင်းကို ဘယ်သူမှ မသိချင်ပါဘူး။ အဲဒီ အသေးစိတ်အချက်အလက်များ ကိုယ်ဘာသာ သိုသိပ်ထားပါ။ သို့မဟုတ်ပါက အဲဒါတွေကြောင့် မိမိကိုသာ အရှက်ရစေနိုင်ပါတယ်။
လုပ်ဖော်ကိုင်ဖက်များရဲ့ မကောင်းကြောင်းများ
ကိုယ့်လုပ်ဖော်ကိုင်က ဘယ်လောက်ပဲ အပေါက်ဆိုးပြီး စိတ်အနောက်ရှက်ဖြစ်စရာဖြစ်နေပါစေ။ အဲဒီအကြောင်းကိုတော့ အွန်လိုင်းပေါ် လုံးဝမဖော်ပြပါနဲ့။ မိမိအတွက် လုပ်ငန်းခွင်မှာ အခြေအနေ ပိုဆိုးသွားစေမှာသာ ဖြစ်ပါတယ်။
ယခင်လက်တွဲဖော်ကို စော်ကားပြောဆိုခြင်း
မိမိတို့ချစ်သူစုံတွဲဘဝ ခါးသီးမှုတွေနဲ့ အဆုံးသတ်သွားသည့်တိုင် အဲဒီအကြောင်းကို အွန်လိုင်းပေါ် လုံးဝမတင်ပါနဲ့။ ညစ်ပတ်ပေရေနေတဲ့ မိမိအိပ်ရာခင်းကို လူပုံလယ် လျှော်တာက ပိုပြီးအရှက်ရစရာ ဖြစ်စေပါလိမ့်မယ်။
အိမ်နီးချင်းကို ဖိနှိပ်ပြောဆိုခြင်း
မိမိတို့တိုက်ထဲမှာ မိမိတို့အိမ်နီးနားချင်း ဘယ်သူကတော့ဖြင့် စပ်စုပြီး စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မနှစ်မြို့ဖွယ်အကြောင်းအရာတွေကို အွန်လိုင်းပေါ်တင်တာထက် တခြားဖြေရှင်းနည်းတွေရှိပါတယ်။
No comments