Breaking News

Living Together နေသူတွေကို မေမြင့်မိုရ် ဘာပြောသလဲ

သီတင်းကျွတ်မှာ အိမ်ထောင် ပြုမယ့်သူတွေကို အားကျပါတယ်။ ကိုယ်တိုင်အိမ်ထောင်ပြုဖို့ကတော့ နှစ်တွေအများကြီးလိုပါသေးတယ်။ ငယ်ငယ်ကရော အခုပါ စိတ်ကူးယဉ် တဲ့သတို့သားပုံစံကတော့ ကိုယ်က လည်းချစ်ရမယ်၊ ကိုယ့်ကိုလည်းချစ် ရမယ်၊ အရမ်းလည်း နားလည်ပေးရ မယ်။ အလုပ်ကိုလည်းနားလည်ပေး ရမယ်။ စိတ်ထားလည်းကောင်းပြီး မရှုပ်မပွေဘဲ သစ္စာရှိတဲ့သူကို သ ဘောကျတယ်။

မင်္ဂလာဆောင်မယ် ဆိုရင် Valentine's Day လိုနေ့မျိုး မှာဆောင်ချင်တယ်။ မင်္ဂလာဆောင် ရင် မေမြင့်မိုရ်က မိန်းကလေးဆို တော့ အရေးကြီးတယ်။ ပွဲအများ ကြီးလုပ်ချင်တယ်။ ထိုင်မသိမ်းဝတ် ပြီး နံနက်တစ်ပွဲလုပ်ပြီး dinner ကို အနောက်တိုင်းဝတ်စုံဝတ်မယ်။ အ သက် ၂၇ နှစ်၊ ၂၈ နှစ်လောက်မှ အိမ်ထောင်ပြုမယ်လို့ စဉ်းစားထား တယ်။ အဲဒီထက် နောက်ကျရင် လည်းကျမယ်။ အခုထိတော့ အိမ် ထောင်ပြုမယ့်သူရော ချစ်ရမယ့်သူ ပါမတွေ့သေးဘူး။ အသက်ရလာရင် တော့ တွေ့မှာပါ။

ဒီနှစ်သီတင်း ကျွတ်မှာ ချစ်သူနဲ့ဖြတ်သန်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အိမ်ထောင်ပြု မယ်ဆိုရင် တကယ်ပဲနှစ်အကြာကြီး လက်တွဲလာတဲ့သူနဲ့မှ ဖြစ်သင့်တယ်။ Living Together ကို မေမြင့်မိုရ် သဘောမကျဘူး။ တကယ်ချစ်တဲ့သူ နဲ့တွေ့ရင် ကိုယ့်ချစ်သူအပေါ်မှာ အားနာဖို့ကောင်းတယ်။ မိန်းကလေး တွေအတွက် အရမ်းအရေးကြီးပါ တယ်။ အိမ်ထောင်ပြုပြီးသွားရင် France မှာရှိတဲ့ Bora Bora ကျွန်း ကို ဟန်းနီးမွန်းထွက်မယ်။

No comments