ရွှေတိဂုံဘုရားဖူးတဲ့ ထိုင်းနာမည်ကျော် ၀မ်းဘတ်(Ong Bak)မင်းသား
ဝမ်းဘတ်(Ong-Bak) မင်း သားဟု မြန်မာပရိသတ်သိထား သည့် ထိုင်းအက်ရှင်မင်းသား Tony Jaaသည် ယနေ့ နံနက် အစောပိုင်းက ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်ခဲ့သည်။
မင်းသား၏ တရားဝင် ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရွှေတိဂုံ စေတီပေါ်တွင် အမှတ်တရ ရိုက် ကူးထားသည့်ပုံကို တင်ထားပြီး ပရိသတ်များ၏ အမေးကို ဖြေ ကြားရာတွင် မြန်မာနိုင်ငံသို့ ခေတ္တ ခဏသာ လာရောက်ခြင်း ဖြစ်သည်ဟု ဖြေကြားထားသည်။
Tony Jaa ကို မြန်မာပရိ သတ်များက ထိုင်းအက်ရှင်ဇာတ် ကား Ong Bak ဖြင့် တွဲဖက် သိ ရှိထားကြပြီး နောက်ဆုံးထွက်ရှိ ထားသည့် ဟောလိဝုဒ် နာမည် ကျော်ဇာတ်ကား Furious 7 ဇာတ်ကားတွင်လည်း ပါဝင်ထား သည်။ထို့ပြင် ၎င်းအနေဖြင့် မြန်မာ နိုင်ငံသို့ နောက်တစ်ကြိမ် လာ ရောက်၍ အခြားနေရာများသို့ သွားရောက် လည်ပတ်မည်ဟု လည်း ဖြေကြားထားသည်။
မြန်မာနိုင်ငံသို့ အလည်အ ပတ်ခရီးအနေဖြင့် လာရောက် ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်မည် ဖြစ်ကြောင်း ပရိသတ်များကို Tony Jaa က ဖြေကြားထားသည်။
7Day Daily
No comments