ဖက်ရှင်ကို စိတ်ဝင်စားလာတဲ့ ယွန်းယွန်း
အနုပညာအလုပ်ကို လက်လွှတ်လို့ မရသေးတဲ့ အကယ်ဒမီ ယွန်းယွန်းက ပညာရေးဘက်ကိုလည်း အာရုံစိုက်ထားပြီး၊ ယနေ့ခေတ် ဖက်ရှင်ကိုလည်း စိတ်ဝင်စားတယ်လို့ ပြောသွားပါတယ်။
“ညီမက Life အလှကုန် အသစ်အတွက် စင်ကာပူမှာ ကြော်ငြာရိုက်ခဲ့ပါတယ်။ ညီမ အတွက်လည်း ပထမဆုံး အတွေ့အကြုံပါပဲ။ ညီမအတွက်လည်း အလုပ်လုပ်ရတာ အဆင်ပြေတယ်။ Team work ကလည်း ကောင်းတော့ ဘာမှအခက်အခဲ မရှိခဲ့ပါဘူး။ အလုပ်နဲ့ သွားတာဆိုတော့ တခြားအဝေးကြီးတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဓိကတော့ Shopping ထွက်ခဲ့တာပဲ ရှိပါတယ်။ အခုဆိုရင်လည်း ညီမက အရင်ကထက်စာရင်တော့ အသားအရေ ထိန်းသိမ်းတာတို့ ဖက်ရှင်တို့ကိုလည်း စိတ်ဝင်စားလာပါတယ်။ ဖက်ရှင်ကတော့ ဘယ်လိုပြောမလဲ၊ အကြိုက်ကတော့ ကိုယ်သွားရမယ့် နေရာပေါ် မူတည်ပြီး ခံစားချက်ကလည်း ပြောင်းသွားတယ်။ ပုံသေတော့ မရှိဘူး။ လက်ရှိတော့ ဓာတ်ပုံရိုက်တယ် ကြော်ငြာရိုက်တယ် ဒီလောက်ပါပဲ။ တစ်ရက်တည်း ပြီးတဲ့အရာဆို ရိုက်တယ်။ ညီမကလည်း လက်ရှိက ပညာရေးကိုလည်း ဖိနေရပါတယ်။ ဒါပေမဲ့လည်း အနုပညာကိုလည်း လက်လွှတ်မရ ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
ယွန်းယွန်းက ကြော်ငြာတွေ ဓာတ်ပုံတွေတော့ ကျောင်းအားရက်တွေမှာ လုပ်ဖြစ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
The Messenger
No comments