Breaking News

မိသားစုနှင့် စကားများပြီး ကျုံးအတွင်း ခုန်ချသတ်သေ




မိသားစုနှင့် အဆင်မပြေဘဲ စကားများ ရန်ဖြစ်ပြီး၊ အသက် (၅၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကျုံးအတွင်းသို့ ခုန်ချ သတ်သေမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရသည်။

နိုဝင်ဘာလ (၂) ရက်နေ့ နေ့လယ် (၁၂း၃၀) အချိန်တွင် အမျိုးသား တစ်ဦးသည် (၁၂) လမ်းနှင့် (၇၇)လမ်း ထောင့်ရှိ ကျုံးရေထဲသို့ ခုန်ချသွားကြောင်း ဖုန်းဖြင့် သတင်းပေးမှုကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့် သွားရောက် စစ်ဆေးခဲ့သည်။

““သူ ကျုံးထဲကို ခုန်ချမှု မလုပ်ခင် (၁၁) နာရီလောက်မှာ အိမ်ကမိသားစုနဲ့ စကား အနည်းငယ်များပြီး ထွက်သွားတယ်လို့ သူ့ မိသားစုက စစ်ဆေးချက်ကို ဖြေကြားတယ်။ အရက်သေစာက နေ့တိုင်းသောက်တဲ့ အတွက် မိသားစုနဲ့ အိမ်တွင်းရေး ပြဿနာ လေးတွေ ရှိမယ်ထင်တယ်။ ပြင်ပဒဏ်ရာ လုံးဝမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သဘောပါပဲ””ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အောင်ပြည်သာ ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်နေ သေဆုံးသွားသူ၏ အလောင်းအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး နယ်မြေခံ အမှတ် (၂)ရဲစခန်းမှ သေမှုသေခင်း အမှတ် စဉ် ၆၂/၂၀၁၅ အရ အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
The Messenger

No comments