လူမှုရေး ဖောက်ပြန်မှု မျိုးဗီဇနှင့် ဆိုင်ပါတယ်တဲ့
လူမှုရေး ဖောက်ပြန်သူများကို အပြစ်မတင်ဘဲ ယင်းဖောက်ပြန်သူ များ၏ မျိုးဗီဇကိုသာ အပြစ်တင်ပါဟု လိမ်လည်မှု သိပ္ပံအမည် ရှိသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဖော်ပြထားသည်။
ယင်းဗီဒီယိုဖိုင်ကို ယူကျုရှိ သိပ္ပံပညာ ဆိုင်ရာ ရုပ်သံလိုင်း AsapScience မှ မစ်ချဲ မော့ဖစ်နှင့် ဂရီဂေါ်ရီ ဘရောင်းတို့က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ လူသားများ အပါအ၀င် နို့တိုက်သတ္တ၀ါများ အနက် သုံးရာခိုင်နှုန်းသာ မိတ်ဖက် တစ်ဦးတည်းနှင့်သာ နေတတ်ကြောင်း ဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။
ဦးနှောက်တွင်းရှိ ဒိုဖာမင်း ရီဆက်တာသည် လေ့ကျင့်ခန်း လုပ်ခြင်း၊ စားသောက်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ ပြီးနောက်တွင် အရသာ ရှိသည်ဆိုသည့် ခံစားချက်ကို ဖြစ်စေသော ဟိုမုန်းကို ထုတ်ပေး တတ်သည်။ ယင်းနေရာရှိ ရှည်လျားသော မျိုးဗီဇပုံစံကို ပိုင်ဆိုင်သူများသည် လူမှုရေး ဖောက်ပြန်တတ်ပြီး တိုသောမျိုးဗီဇပုံစံ ကိုပိုင်ဆိုင်သူများသည် ဖောက်ပြန်နိုင်ခြေ များကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသးည်ဟု မော့ဖစ်နှင့် ဘရောင်းတို့က ပြောဆိုခဲ့သည်။
ဗတ်ဆိုပရက်ဆင် ဟိုမုန်းနှင့် လူမှုရေး ဖောက်ပြန်မှု များကြားလည်း ဆက်စပ်နေ ပြန်သည်။ ယင်းဟိုမုန်းသည် ယုံကြည်မှု၊ ကိုယ်ချင်းစာစိတ်နှင့် လူမှုရေးအရ ငြိတွယ်မှုများအပေါ် သက်ရောက်မှု ရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ခုတွင် ဗတ်ဆိုပရက်ဆင် ဟိုမုန်း နည်းပါးသူများသည် လူမှုရေး ဖောက်ပြန်တတ်ကြောင်း ဖော်ပြထားသည်။
အခြား လေ့လာမှု တစ်ခုတွင်လည်း မိတ်လိုက်ဖက် များသော ကြွက်များအား ဗတ်ဆိုပရက်ဆင် ဟိုမုန်းများ ထိုးပေးခဲ့ရာ ၄င်းကြွက်များသည် မိတ်လိုက်ဖက် တစ်ကောင်ကိုသာ နှစ်သက်တော့ကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။
No comments