လိင်အသားပေး စာအုပ်ကို ကလေးတွေအတွက် သင်ရိုးညွှန်းတမ်း လုပ်မိလို့ ပြန်လိုက်သိမ်းနေရ



ချီလီ အစိုးရသည် လိင်အသားပေး ကလေးစာအုပ် Little Red Riding Hood ကို ကျောင်းတွေကနေ ပြန်လိုက် သိမ်းနေကြောင်း သိရသည်။ ထိုစာအုပ်ကို ကျောင်းသုံးစာအုပ် အဖြစ် မှားယွင်းကာ ပြီးခဲ့သည့် နှစ်အတွင်း မူလတန်း ကျောင်းပေါင်း (၂၈၃)ကျောင်းကို ဖြန့်ဝေမိခဲ့ခြင်း ဖြစ်သည်။

စာအုပ်ခေါင်းစဉ် အပြည့်အစုံမှာ Little Red Riding Hood Eats the Wolf ဟူ၍ဖြစ်ပြီး လိင်အသားပေးခန်းများ ပါသောပုံပြင်တို ခြောက်ပုဒ်ပါသည်။ ချီလီ တောင်ပိုင်းရှိ ရီယိုဗျူနိုမြို့မှ ကျောင်းဆရာမ တစ်ဦးက ဦးဆုံးသတိထားမိပြီး ပညာရေး ၀န်ကြီးဌာနကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထိုစာအုပ်သည် ကိုလမ်ဘီယာ စာရေးဆရာ ပီလာကွင်တားနားက ၂၀၁၂ ခုနှစ်တွင် ရေးသားထားခြင်း ဖြစ်ပြီး ချီလီတွင်လည်း ထိုနှစ်မှာပင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ပုံပြင်တိုများထဲတွင် တစ်ခုသည် ဆရာနှင့် တပည့်မလေး ချစ်ကြိုက်ကြသည့် အကြောင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ (၁၃)နှစ်ကျောင်းသူကို အဓမ္မကျင့်သည့် အကြောင်း ဖြစ်သည်။

၁၈၁၂ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ဂရင်းညီနောင် ပုံပြင်များထဲတွင် ပါသော Little Red Riding Hood ပုံပြင်များနှင့် မှားယွင်းကာ ပြဋ္ဌာန်းမိခြင်း ဖြစ်ကြောင်း သိရသည်။

The Messenger

No comments