Breaking News

အမြင်အာရုံ စူးစိုက်ခြင်းက အကြား အာရုံကို ယာယီ ချို့တဲ့စေ


မိုဘိုင်းဖုန်းကို အာရုံ စိုက်နေတဲ့ သူငယ်ချင်း တစ်ယောက်က သင်ခေါ်တာ မကြားလို့၊ ပခုံးပုတ်ပြီး ခေါ်ရတဲ့ အခါမျိုး ကြုံဖူး ကြမယ် ထင်ပါတယ်။

အကြားနဲ့ အမြင်ပိုင်း ဆိုင်ရာ ဦးနှောက် အာရုံတွေဟာ လုပ်ဆောင်မှု ပမာဏ အကန့်အသတ် တစ်ခုကို ဝေငှ သုံးစွဲကြကြောင်း လန်ဒန် တက္ကသိုလ်မှ သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

လူတစ်ယောက်ဟာ အာရုံစိုက်လွန်းတဲ့အခါမှာ ဦးနှောက်က အကြားအာရုံကို ရွေးချယ်မလား၊ အမြင်အာရုံကို ရွေးချယ်မလားဆိုတာကို အတင်းရွေးချယ်ရတော့မှာပါ။

အနောက်မှာ အသံတွေ ဖွင့်ထားပြီး၊ လူ ၁၄ယောက်ကို ခက်ခဲတဲ့ အမြင်အာရုံစူးစိုက်မှုတွေ လုပ်ခိုင်းကာ အဲ့ဒီ့လူတွေရဲ့ ဦးနှောက်လုပ်ဆောင်မှုကို လေ့လာမှုပြုခဲ့တဲ့အကြောင်းကို Neuroscience ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

"ကြားဖို့ဆိုတာ ကျွန်တော်တို့ရဲ့ နားတွေကို စွင့်ထားဖို့မလိုဘူး၊ အသံတွေကို ဦးနှောက်က တုံ့ပြန်ဖို့ပဲလိုတယ်။" လို့ လန်ဒန်တက္ကသိုလ်မှ စိတ္တဗေဒနှင့် ဦးနှောက်သိပ္ပံ ပါမောက္ခ Nilli Lavie ကပြောကြားခဲ့ပါတယ်။

No comments