ချစ်သူကို ထောင်မှာ သွားကြိုဖို့ ထရပ်ကားကို ခိုးသွားတဲ့ သူ




ချစ်သူ ကောင်မလေးကို ထောင်မှာ သွားကြို ရမှာကြောင့် ထရပ်ကား ခိုးခဲ့တဲ့ သူတစ်ယောက်ဟာ အဖမ်းခံ လိုက်ရ ပါတယ်။

သူ့နာမည်ကတော့ Miguel Redshirt ဖြစ်ပြီး သူဟာ Tempe ရဲစခန်းရှိ ကား ပါကင်ထဲကို ကားမောင်း ဝင်သွား ခဲ့ကြောင်း၊ ရဲအရာရှိ တစ်ဦးက ကင်းထောက် ကားရှိ ကင်မရာတွေနဲ့ လိုင်စင် ပလိတ်ကို ဖတ်ခဲ့ကာ သူ့ကို ဖမ်းခဲ့ကြောင်း အရီဇိုးနား ပြည်နယ်ရှိ ရဲတွေက ပြောပြ ခဲ့ပါတယ်။

အဲ့ဒီ့နောက် မှာတော့ ရဲဟာ ခိုးလာတဲ့ ကားကို ဓာတ်ပုံ ရိုက်ကာ Facebook ပေါ်တင်ရင်း "Chivalry: မင်းရဲ့ ကောင်မလေးကို ထောင်မှာ သွားကြိုဖို့ အတွက် ထရပ်ကား ခိုးခဲ့တယ်။ ခုလေးတင် ဖြစ်သွား ခဲ့တာ။ #သိပ်ဆိုး။!!!" ဆိုပြီး ပို့စ် တင်ခဲ့ ပါတယ်။

ကားကိုတော့ ပိုင်ရှင်ဆီ ပြန်အပ် လိုက်ပြီလို့ သိရပါတယ်။

No comments