Breaking News

အသက် ၆၀ အရွယ် အမျိုးသား ရဲ့ "ဘီယာ ယောဂ" ပြကွက်


အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ အသက် ၆၀ အရွယ် အိုရီဂွန် ပြည်နယ်သား တစ်ဦးဟာ သူ့ရဲ့ ယောဂ ကျင့်စဉ် ကျွမ်းကျင်မှု ကို ပြသ ခဲ့ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုကို ပြသ ခဲ့ပုံ ကတော့ ဘီယာ တစ်ခွက်ကို သူ့ရဲ့ နဖူးပေါ်မှာ တင်ထားပြီး ယောဂ ကျင့်ပြ ခဲ့တာဖြစ်ပြီး ထို ဘီယာခွက်ထဲက ဘီယာတွေကိုလည်း လက်ကို အသုံးပြုခြင်း မရှိပဲ သောက်ပြ ခဲ့ပါတယ်။

ထို ဗီဒီယိုကို YouTube မှာ Aluse Schiedler က တင်ထားခဲ့ပြီး သူ့ရဲ့ အဖိုးတော်စပ်သူ အသက် ၆၀ အရွယ် အမျိုးသားရဲ့ ပြကွက်တွေကို ဘီယာ ယောဂ လို့လည်း အမည်ပေး ထားပါသေးတယ်။

ထို ပြကွက် ထဲမှာတော့ အသက် ၆၀ အရွယ် အမျိုးသားဟာ မတ်တပ်ရပ် အနေ အထားနဲ့ သူ့ရဲ့ နဖူးပေါ်မှာ ဘီယာ တစ်ခွက်ကို တင်ထား ခဲ့ပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းခြင်း နှိမ့်ချ လာပြီး လှဲချ လိုက်တာ ဖြစ်ပါတယ်။

အဖိုးအိုးဟာ အဲဒီနောက်တော့ သူ့ရဲ့ ခြေထောက် aတွနဲ့ သူ့ရဲ့ နဖူးပေါ်က ဘီယာ ခွက်ကို မပြီး ပါးစပ်နဲ့ သောက်ပြ ခဲ့ပြန် ပါတယ်။

"ကျွန်မရဲ့ အသက် ၆၀ အရွယ် အဖိုးတော်စပ် သူဟာ ကျွန်မတို့ကို သူ့အနေနဲ့ ခေါင်းပေါ်မှာ ဘီယာခွက် တင်ပြီး သူ့ရဲ့လက်တွေကို မသုံးပဲ အဲဒီ ဘီယာခွက်ကို သောက်ပြ မယ်လို့ ပြော ခဲ့ပါတယ်။

ကျွန်မတို့ သူ့ကို မယုံ ခဲ့ကြပါဘူး။ အခုတော့ သူ အနိုင်ရ သွားပါပြီ" လို့ Aluse Schiedler ဆိုသူ aကာင်မလေး က ထိုဗီဒီယို အကြောင်း အကျဉ်းချုပ် မှာ ရေးသား ထားတာလည်း တွေ့ရပါတယ်။

Ref : Upi



No comments