Breaking News

HIV ရှိ ငယ်ရွယ်သော လိင်တူ ချစ်သူတွေဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ပိုနှစ်သက်




လိင်ဆက်ဆံ ဖက်မှာ HIV ရောဂါပိုး မရှိရင်တောင် HIV ရောဂါပိုး ရှိတဲ့ ငယ်ငယ် ရွယ်ရွယ် လိင်တူ ချစ်သူတွေနဲ့ လိင်နှစ်ခွ ချစ်သူ အမျိုးသား တွေဟာ အကာအကွယ်မဲ့ လိင် ဆက်ဆံမှုကို ပိုပြီး ပြုလုပ်ကြကြောင်း လေ့လာမှုသစ် တစ်ရပ်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှု ပြုတဲ့ လူငယ် အမျိုးသား အများစုဟာ HIV ရောဂါပိုးကို နိုင်နင်းဖို့ အတွက် ဆေးကုသမှု မခံယူ ကြပါဘူး။ ရလဒ် အနေနဲ့ သူတို့ ကတဆင့် လိင်ဆက်ဆံဖော်တွေ ဆီကို ရောဂါကူးဖို့ ပိုများ သွားတယ်လို့ ကျွမ်းကျင် ပညာရှင်တွေက သတိပေး ထားပါတယ်။

HIV ကို ကုသရာနဲ့ ၄င်း ကုသမှုတွေကို တိုးတက်အောင် လုပ်ဆောင်ရာမှာ အလုပ် လက်မဲ့ဖြစ်မှု၊ ပညာရေးနဲ့ စိတ်ကျန်းမာရေး တို့ကလည်း အရေးကြီးကြောင်း ကိုလံဘီယာ တက္ကသိုလ်မှ ဦးဆောင် သုတေသီ Patrick Wilson ကပြော ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၂ရာခိုင်နှုန်းဟာ လိင်တူ ချစ်သူတွေနဲ့ လိင်နှစ်ခွ ချစ်သူတွေ ဖြစ်ကြပြီး ၂၀၁၄ခုနှစ် မှတ်တမ်း အရ ၄င်းတို့ရဲ့ ၆၇ ရာခိုင်နှုန်းဟာ HIV ရောဂါပိုး ရှိကြကြောင်း HIV Surveillance Report ကနေ မနေ့က ထုတ်ပြန် ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အတွင်းမှာ HIV ရောဂါပိုး ရှိသူ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ လူငယ် လိင်တူ ချစ်သူတွေ ဒါမှမဟုတ် လိင်နှစ်ခွ ချစ်သူ အမျိုးသားတွေ ဖြစ်ကြောင်း သိရပါတယ်။

Original link - http://health.thithtoolwin.com/2015/12/hiv_8.html

No comments